သြဂုတ်လတတိယပတ်ရဲ့ နောက်ဆုံးရက်မှာ Realme X7 နဲ့ X7 Pro တို့ရဲ့ အချက်အလက်အချို့ ထွက်ပေါ်လာပါတယ်။ ဒီဟန်းဆက်နှစ်မျိုးကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်ထားတာပါ။ တရုတ်ပြင်ပဈေးကွက်မှာတော့ Realme 7, Realme 7 Pro ဆိုတဲ့ နာမည်တွေနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

အခုတော့ Realme 7 ရဲ့ ပထမဆုံး တရားဝင် Teaser ပုံရိပ် ထွက်ပေါ်လာပါပြီ။ ဒါကြောင့် ဒီဟန်းဆက်တွေရဲ့ မိတ်ဆက်ရက်ဟာ နီးကပ်နေပြီလို့ ဆိုနိုင်ပါတယ်။ တွစ်တာမှာစတင်ထားတဲ့ Promo campaign မှာတော့ ခေါင်းစဉ်ကို “Redefining 7astest” လို့ ရေးသားထားပါတယ်။ “F” နေရာမှာ “7” သုံးထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Teaser ပါဟန်းဆက်ဟာ Realme X7 ကို ရည်ညွှန်းတာမဟုတ်ဘဲ Realme 7 ကိုပဲ ရည်ညွှန်းတယ်ဆိုတာ သေချာသလောက်ရှိနေပါတယ်။ Realme 6 ရဲ့နောက် ဆက်ခံမယ့် စီးရီးအဖြစ် Realme 7 ကို မိတ်ဆက်မယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း CEO Madhav Sheth က Realme 7 အကြောင်းကို #AskMadhav မှာ ပြောမယ်လို့ ကတိပေးခဲ့ဖူးပါသေးတယ်။

Teaser တွေရဲ့ ထုံးစံအတိုင်း ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်ကို ဖော်ပြထားတာမဟုတ်ပေမယ့် အခြားနေရာတွေကနေစုဆောင်းရသလောက် Realme 7 ဟာ 6+64GB, 6+128GB နဲ့ 8+128GB ဆိုပြီး ဗားရှင်းသုံးမျိုး ရှိမယ်လို့ သိနိုင်ပါတယ်။ အရောင်ကတော့ Mist Blue နဲ့ Mist White တွေပါ။

Sheth က Fan တွေကို Fingerprint နဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။ အားလုံးကတော့ In-display ကို မျှော်လင့်နေကြတာပါ။ တရားဝင်မဟုတ်တဲ့သတင်းတစ်ခုက Realme 7 Pro မှာ 65W အမြန်အားသွင်းစနစ် ထောက်ပံ့ထားမယ်လို့ ဆိုပါတယ်။

Ref: GSM Arena