[Zawgyi]

Realme က X2 Pro လို႔ နာမည္ေပးထားတဲ့ သူ႔ရဲ႕ ပထမဆံုး စြမ္းရည္ျမင့္ ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ အဲဒီ ဖုန္းကို ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ အေနာက္ကင္မရာေတြရဲ႕ သတင္းအခ်က္အလက္ေတြကိုပါ မွ်ေ၀လိုက္ပါတယ္။ အေနာက္ကင္မရာေတြကို ေဒါင္လိုက္တပ္ဆင္ထားမွာ ျဖစ္ၿပီး Samsung ရဲ႕ 64MP Camera ကို ပင္မ အေနနဲ႔ သံုးထားပါတယ္။ 20x Hybrid Zoom ပါတဲ့ 13MP Telephoto Lens ၊ 8MP Super Wide-angle Lens နဲ႔ 2MP Lens ေတြနဲ႔ အားျဖည့္ထားပါတယ္။

Realme X2 Pro ရဲ႕ Specs အျပည့္အစံုကို မသိရေသးပါဘူး။ ဒါေပမယ့္ မၾကာခင္က Bluetooth SIG မွာ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ ၆.၅၅ လက္မ Full HD Display ပါလာႏုိင္ပါတယ္။ Bluetooth 5.0 နဲ႔ Dual-band WiFi ဆက္သြယ္မႈေတြ ပါလာမွာပါ။ ColorOS 6.0 ေမာင္းႏွင္ထားႏုိင္ပါတယ္။ Realme X2 မွာလို 32MP Selfie Camera  ပါလာႏုိင္ပါတယ္။

အဲဒီ ဖုန္းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ပါတယ္။ မၾကာခင္ကလည္း Realme ရဲ႕ ေနာက္ထပ္ အရာရွိ တစ္ဦး ျဖစ္တဲ့ Chief Product Officer က အဲဒီ ဖုန္းရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ၁ ခုကို မွ်ေ၀ခဲ့ပါတယ္။ အဲဒါကေတာ့ 90Hz Display ျဖစ္ၿပီး 60Hz နဲ႔ 90Hz ၾကားမွာ ေျပာင္းလဲသံုးႏိုင္မွာပါ။ ဂိမ္းကစားတဲ့ အခါမွာ ၊ ဖုန္းကို ထိေတြ႕သံုးတဲ့ အခါမွာ အရမ္းကို ေခ်ာမြတ္ျမန္ဆန္ေနမွာပါ။ AMOLED Display အမ်ိဳးအစား ျဖစ္ႏုိင္ပါတယ္။ လက္ရွိ ဖုန္းေတြထဲမွာ အျမန္ဆံုးျဖစ္တဲ့ 50W Charging ပါလာႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ကုမၸဏီက အဲဒီ ဖုန္းမွာ 135 Hz Touch Sampling Rate ပါမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ Display ရဲ႕ တုန္႔ျပန္မႈက ပိုျမန္လာၿပီး ထိေတြ႕သံုးရင္လည္း ပိုတိက်လာမွာပါ။ Display ရဲ႕ ေအာက္မွာ အရမ္းျမန္တဲ့ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားမွာ ျဖစ္ၿပီး ၀.၂၃ စကၠန္႔အတြင္းမွာ ဖုန္းကို Unlock လုပ္ေပးႏုိင္တယ္လို႔လည္း ကုမၸဏီက သတင္းေပးထားပါတယ္။

Ref : gizmochina

[Unicode]

Realme က X2 Pro ကြေညာမယ့်နေ့ကို ပြောလိုက်ပြီ

Realme က X2 Pro လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီ ဖုန်းကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် အနောက်ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကိုပါ မျှဝေလိုက်ပါတယ်။ အနောက်ကင်မရာတွေကို ဒေါင်လိုက်တပ်ဆင်ထားမှာ ဖြစ်ပြီး Samsung ရဲ့ 64MP Camera ကို ပင်မ အနေနဲ့ သုံးထားပါတယ်။ 20x Hybrid Zoom ပါတဲ့ 13MP Telephoto Lens ၊ 8MP Super Wide-angle Lens နဲ့ 2MP Lens တွေနဲ့ အားဖြည့်ထားပါတယ်။

Realme X2 Pro ရဲ့ Specs အပြည့်အစုံကို မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်က Bluetooth SIG မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ ၆.၅၅ လက်မ Full HD Display ပါလာနိုင်ပါတယ်။ Bluetooth 5.0 နဲ့ Dual-band WiFi ဆက်သွယ်မှုတွေ ပါလာမှာပါ။ ColorOS 6.0 မောင်းနှင်ထားနိုင်ပါတယ်။ Realme X2 မှာလို 32MP Selfie Camera ပါလာနိုင်ပါတယ်။

အဲဒီ ဖုန်းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ မကြာခင်ကလည်း Realme ရဲ့ နောက်ထပ် အရာရှိ တစ်ဦး ဖြစ်တဲ့ Chief Product Officer က အဲဒီ ဖုန်းရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ၁ ခုကို မျှဝေခဲ့ပါတယ်။ အဲဒါကတော့ 90Hz Display ဖြစ်ပြီး 60Hz နဲ့ 90Hz ကြားမှာ ပြောင်းလဲသုံးနိုင်မှာပါ။ ဂိမ်းကစားတဲ့ အခါမှာ ၊ ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ အရမ်းကို ချောမွတ်မြန်ဆန်နေမှာပါ။ AMOLED Display အမျိုးအစား ဖြစ်နိုင်ပါတယ်။ လက်ရှိ ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ 50W Charging ပါလာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကုမ္ပဏီက အဲဒီ ဖုန်းမှာ 135 Hz Touch Sampling Rate ပါမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ Display ရဲ့ တုန့်ပြန်မှုက ပိုမြန်လာပြီး ထိတွေ့သုံးရင်လည်း ပိုတိကျလာမှာပါ။ Display ရဲ့ အောက်မှာ အရမ်းမြန်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး ဝ.၂၃ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တယ်လို့လည်း ကုမ္ပဏီက သတင်းပေးထားပါတယ်။

Ref : gizmochina