Realme အမှတ်တံဆိပ်က နည်းပညာလောကထဲကိုရောက်လာတာ သိပ်မကြာသေးပါဘူး။ ၂ နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် စမတ်ဖုန်းနဲ့ပတ်သက်လာရင် နာမည်ကျော်ပြီး ဈေးကွက်အတော်များများကိုလည်း ဖြန့်ကျက်ပြီးဖြစ်နေပါပြီ။

Realme ဟာ စမတ်ဖုန်းအမှတ်တံဆိပ်အနေနဲ့ စတင်လာတယ်ဆိုပေမယ့် အကုန်ထုတ်၊ အကုန်ရောင်းမယ့် ပုံစံမှာရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ကမ္ဘာ့ပထမဆုံး SLED 4K Smart TV ကို ကြေညာလိုက်တာပါ။ ဒီတီဗီက ဈေးကွက်ထဲကို ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်သေးတာတော့ မဟုတ်ပါဘူး။

Realme ရဲ့ SLED 4K Smart TV ဟာ Quantum Dot အခြေပြုမျက်နှာပြင် (QLED) တွေနဲ့ယှဉ်ရင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်အချို့ကို ပိုင်ဆိုင်ထားပါတယ်။ SLED နည်းပညာဟာ 55-inch TV နဲ့အတူ ပွဲထွက်လာမှာဖြစ်ပါတယ်။ အမျိုးအစားသစ် Panel ဟာ NTSC color spectrum ကို 108% လွှမ်းခြုံမှုပေးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် TUV Rheinland က Blue light ပမာဏကို ထိန်းချုပ်ထားမယ်လို့ သိရပါတယ်။

SLED ဆိုတာကတော့ LCD ဖော်မြူလာပေါ်မှာပဲ အခြေခံထားပြီး နောက်ခံအလင်းနဲ့ပတ်သက်တဲ့ အဓိကတီထွင်မှု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Backlight ဟာ အဖြူရောင်ပါ။ RGB filters တွေကတစ်ဆင့် နှီးနွယ်တဲ့ Color triplet တွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။

SLED ကတော့  Backlight ကို အနီ၊ အစိမ်းနဲ့ အပြာရောင် LED တွေကို Triplet ဖန်တီးစေတာပါ။ ဒါပေမယ့် LCD အနေနဲ့ ရှိနေပြီး Polarizer နဲ့ Liquid crystal layer တွေလည်း ရှိနေပါဦးမယ်။ QLED နဲ့ ကွဲပြားတဲ့အချက်က ဒီနည်းပညာဟာ Blue backlight နဲ့ စတင်ပါတယ်။ Quantum Dots ကို အသုံးပြုပြီး Blue light ကို စုပ်ယူတဲ့နောက် အနီရောင်၊ ဒါမှမဟုတ် အစိမ်းရောင်ကို ထုတ်လွှတ်ပါတယ်။

ဒီနောက်မှာ LCD layer က Pixel တစ်ခုချင်းစီရဲ့ ဖြတ်သန်းသွားတဲ့ အလင်းပမာဏကို ထိန်းချုပ်ဖို့ ကူညီပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်းတိုင်ဟာ အနီ၊ အစိမ်းနဲ့ အပြာရောင်တွေကို ရယူဖို့တင်မကဘဲ ဒီအရောင်တစ်ခုစီတိုင်းရဲ့ အကောင်းဆုံးလှိုင်းအလျားကို ရဖို့ဖြစ်ပါတယ်။ ဒါနည်းနဲ့ပိုကျယ်ပြန့်တဲ့ရောင်စဉ်နဲ့ ရုပ်ပုံအရည်အသွေးကို တိုးတက်စေပါတယ်။

SLED ဟာ ပြဿနာကို ချဉ်းကပ်ရာမှာ QLED ထက်ပိုပြီး သာလွန်ကောင်းမွန်တယ်လို့ Realme က ယုံကြည်နေပါတယ်။ Samsung နဲ့ OnePlus လို ပြိုင်ဘက်တွေကတော့ QLED TV တွေကို ထုတ်လုပ်ထားနှင့်ပြီး အိန္ဒိယဈေးကွက်ထဲမှာလည်း ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ Realme အနေနဲ့ SLED နဲ့အတူ ဈေးကွက်ဝေစုကို ဘယ်လောက်ထိရယူနိုင်မလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

Ref: GSM Arena