[Zawgyi]

တရုတ္မွာ ဒီလ အေစာပိုင္းက Realme Q နဲ႔အတူ ေၾကညာခဲ့တဲ့ Realme Power Bank ကို အိႏၵိယမွာ ေရာင္းခ်ေပးလိုက္ပါတယ္။ ၁,၂၉၉ ရူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၈,၀၀၀ ေလာက္ရွိပါတယ္။ အေရာင္ ၃ မ်ိဳး ထုတ္လုပ္ေပးထားၿပီး အနက္၊ အနီနဲ႔ အ၀ါေရာင္ေတြ ျဖစ္ပါတယ္။ အဲဒီ Power Bank ေတြမွာ 10,000mAh Battery ထည့္သြင္းထားၿပီး USB Type-C Port နဲ႔ USB Type-A Port ၁ ခုစီ ပါပါတယ္။ Two-way Fast Charging ပါၿပီး 18W ႏႈန္းကို ေထာက္ပံ့ေပးပါတယ္။ 18W Charger နဲ႔ ၃.၂၈ နာရီအတြင္းမွာ Power Bank ကို အားအျပည့္သြင္းႏုိင္ပါတယ္။

ကုမၸဏီက လံုျခံဳေရးအတြက္ အလႊာ ၁၂ ခုနဲ႔ ကာကြယ္ထားတယ္လို႔ ေျပာပါတယ္။ Realme ဟာ စမတ္ဖုန္း အျပင္ တျခား နယ္ပယ္ေတြကို ေျခဆန္႔လာၿပီဆိုတာ ျပသေနပါတယ္။ အိႏၵိယမွာေတာ့ Realme ရဲ႕ 10,000mAh Power Bank ဟာ 10,000mAh Xiaomi Mi Power Bank 2i ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

မၾကာခင္က ေၾကညာခဲ့တဲ့ Realme Buds 2 ဟာ ေအာင္ျမင္ခဲ့ပါတယ္။ အခုလည္း ကုမၸဏီက ႀကိဳးမဲ့နားၾကပ္ ေမာ္ဒယ္ အသစ္ ၁ ခုကို ေၾကညာလိုက္ပါတယ္။ Realme Buds Wireless လို႔ နာမည္ေပးထားၿပီး အသံအရည္အေသြး ေကာင္းေစမယ့္ 11.2mm Bass Boost Driver ထည့္သြင္းထားပါတယ္။

နားၾကပ္မွာ Bluetooth 5.0 ဆက္သြယ္မႈ ပါၿပီး ခလုတ္ ၃ ခုပါတဲ့ Remote Control ထည့္ေပးထားပါတယ္။ နားၾကပ္ ၂ ခုကို ကပ္လိုက္တာနဲ႔ အသံပိတ္သြားမွာ ျဖစ္ပါတယ္။ ေရစက္ေရေပါက္ေတြ စိုတာကို ခံႏုိင္တဲ့ IPX4 Rating ပါပါတယ္။ ဘက္ထရီ သက္တမ္းက ၁၂ နာရီ ျဖစ္ၿပီး ၁၀ မိနစ္ အားသြင္းရင္ မိနစ္ ၁၀၀ ၾကာ သီခ်င္းေတြ နားေထာင္ႏုိင္မယ့္ Fast Charging ထည့္ထားပါတယ္။ ေစ်းႏႈန္းကေတာ့ ၁,၇၉၉ ႐ူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၈,၀၀၀ ေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Realme Power Bank နဲ့ Realme Buds Wireless ကို အိန္ဒိယမှာ ရောင်းပြီ

တရုတ်မှာ ဒီလ အစောပိုင်းက Realme Q နဲ့အတူ ကြေညာခဲ့တဲ့ Realme Power Bank ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ ၁,၂၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂၈,၀၀၀ လောက်ရှိပါတယ်။ အရောင် ၃ မျိုး ထုတ်လုပ်ပေးထားပြီး အနက်၊ အနီနဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ အဲဒီ Power Bank တွေမှာ 10,000mAh Battery ထည့်သွင်းထားပြီး USB Type-C Port နဲ့ USB Type-A Port ၁ ခုစီ ပါပါတယ်။ Two-way Fast Charging ပါပြီး 18W နှုန်းကို ထောက်ပံ့ပေးပါတယ်။ 18W Charger နဲ့ ၃.၂၈ နာရီအတွင်းမှာ Power Bank ကို အားအပြည့်သွင်းနိုင်ပါတယ်။

ကုမ္ပဏီက လုံခြုံရေးအတွက် အလွှာ ၁၂ ခုနဲ့ ကာကွယ်ထားတယ်လို့ ပြောပါတယ်။ Realme ဟာ စမတ်ဖုန်း အပြင် တခြား နယ်ပယ်တွေကို ခြေဆန့်လာပြီဆိုတာ ပြသနေပါတယ်။ အိန္ဒိယမှာတော့ Realme ရဲ့ 10,000mAh Power Bank ဟာ 10,000mAh Xiaomi Mi Power Bank 2i ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ Realme Buds 2 ဟာ အောင်မြင်ခဲ့ပါတယ်။ အခုလည်း ကုမ္ပဏီက ကြိုးမဲ့နားကြပ် မော်ဒယ် အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။ Realme Buds Wireless လို့ နာမည်ပေးထားပြီး အသံအရည်အသွေး ကောင်းစေမယ့် 11.2mm Bass Boost Driver ထည့်သွင်းထားပါတယ်။

နားကြပ်မှာ Bluetooth 5.0 ဆက်သွယ်မှု ပါပြီး ခလုတ် ၃ ခုပါတဲ့ Remote Control ထည့်ပေးထားပါတယ်။ နားကြပ် ၂ ခုကို ကပ်လိုက်တာနဲ့ အသံပိတ်သွားမှာ ဖြစ်ပါတယ်။ ရေစက်ရေပေါက်တွေ စိုတာကို ခံနိုင်တဲ့ IPX4 Rating ပါပါတယ်။ ဘက်ထရီ သက်တမ်းက ၁၂ နာရီ ဖြစ်ပြီး ၁၀ မိနစ် အားသွင်းရင် မိနစ် ၁၀၀ ကြာ သီချင်းတွေ နားထောင်နိုင်မယ့် Fast Charging ထည့်ထားပါတယ်။ စျေးနှုန်းကတော့ ၁,၇၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃၈,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina