[Zawgyi]

ၿပီးခဲ့တဲ့အပတ္က Realme ဟာ ဟန္းဆက္အသစ္ေရာက္လာမယ့္သတင္းကို ရိပ္ဖမ္းသံဖမ္းေဖာ္ထုတ္ခဲ့ၿပီး အခုအခါမွာ Realme C1 (2019 ေမာ္ဒယ္) ကို ထုတ္ျပလုိက္ပါၿပီ။ ဒီဖုန္းဟာ မူရင္း Realme C1 နဲ႔ အေတာ္ တူေပမယ့္ မန္မုိရီေရြးခ်ယ္မႈမွာေတာ့ 2GB RAM / 32GB Storage နဲ႔ 3GB / 32GB ဗားရွင္းအသစ္ႏွစ္မ်ဳိး ပါဝင္လာတာ ျဖစ္ပါတယ္။ ဒီဖုန္းသစ္ေတြကို Realme C1 ေရာင္းခ်မႈ လုံးေရတစ္သန္းျပည့္ အထိမ္းအမွတ္အၿပီး ရက္အနည္းငယ္မွာ မိတ္ဆက္လာခဲ့တာျဖစ္ပါတယ္။

Realme ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Madhav Sheth ဟာ ကုမၸဏီရဲ႕ တရားဝင္ YouTube ခ်န္နယ္မွာ ဟန္းဆက္အသစ္ေတြကို ကိုယ္တုိင္ထုတ္ေဖာ္ျပလာခဲ့တာပါ။ မန္မုိရီပုိင္းမွာ ေဖ်ာ္ေျဖေရးအစရွိတဲ့ အရာေတြတြက္ ေနရာပိုရလာေပမယ့္ က်န္တဲ့ Specs ေတြက အတူတူပဲျဖစ္ၿပီး 6.2” HD+ Display, Snapdragon 450 ခ်စ္ပ္ဆက္နဲ႔ 4,230mAh ဘကၳရီႀကီးတုိ႔ ပါဝင္ပါတယ္။

2GB / 32GB ဗားရွင္းအသစ္အတြက္ ရူပီး ၇,၄၉၉ (ျမန္မာေငြ တစ္သိန္းေျခာက္ေသာင္းခန္႔) သတ္မွတ္ထားၿပီး 3GB / 32GB အတြက္ေတာ့ ရူပီး ၈,၄၉၉ (ျမန္မာေငြ တစ္သိန္းရွစ္ေသာင္းခန္႔) က်သင့္မွာ ျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ Realme 3 လို႔ယူဆရတဲ့ ဖုန္းဟာ ထုိင္းႏုိင္ငံမွာ RMX1821 အမည္ျဖင့္ ေထာက္ခံခ်က္ ရရွိခဲ့ၿပီ ျဖစ္တာေၾကာင့္ ထုတ္ကုန္အသစ္ေတြကို ဆက္ျမင္ရဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီဖုန္းမွာ ကုမၸဏီက ထုတ္လုပ္ဖို႔ႀကိဳးစားေနတဲ့ 48MP ကင္မရာပါလာမလား ဆုိတာမေသခ်ာေသးတာေၾကာင့္ လာမယ့္ လအနည္းငယ္ အတြင္းမွာ Realme ဖုန္းအသစ္ႏွစ္မ်ဳိးေလာက္ကို ထပ္ေတြ႕ရႏုိင္ေျခလည္း ရွိေနပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်က Realme ဟာ ဟန်းဆက်အသစ်ရောက်လာမယ့်သတင်းကို ရိပ်ဖမ်းသံဖမ်းဖော်ထုတ်ခဲ့ပြီး အခုအခါမှာ Realme C1 (2019 မော်ဒယ်) ကို ထုတ်ပြလိုက်ပါပြီ။ ဒီဖုန်းဟာ မူရင်း Realme C1 နဲ့ အတော် တူပေမယ့် မန်မိုရီရွေးချယ်မှုမှာတော့ 2GB RAM / 32GB Storage နဲ့ 3GB / 32GB ဗားရှင်းအသစ်နှစ်မျိုး ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းသစ်တွေကို Realme C1 ရောင်းချမှု လုံးရေတစ်သန်းပြည့် အထိမ်းအမှတ်အပြီး ရက်အနည်းငယ်မှာ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

Realme ရဲ့အမှုဆောင်အရာရှိချုပ် Madhav Sheth ဟာ ကုမ္ပဏီရဲ့ တရားဝင် YouTube ချန်နယ်မှာ ဟန်းဆက်အသစ်တွေကို ကိုယ်တိုင်ထုတ်ဖော်ပြလာခဲ့တာပါ။ မန်မိုရီပိုင်းမှာ ဖျော်ဖြေရေးအစရှိတဲ့ အရာတွေတွက် နေရာပိုရလာပေမယ့် ကျန်တဲ့ Specs တွေက အတူတူပဲဖြစ်ပြီး 6.2” HD+ Display, Snapdragon 450 ချစ်ပ်ဆက်နဲ့ 4,230mAh ဘက္ထရီကြီးတို့ ပါဝင်ပါတယ်။

2GB / 32GB ဗားရှင်းအသစ်အတွက် ရူပီး ၇,၄၉၉ (မြန်မာငွေ တစ်သိန်းခြောက်သောင်းခန့်) သတ်မှတ်ထားပြီး 3GB / 32GB အတွက်တော့ ရူပီး ၈,၄၉၉ (မြန်မာငွေ တစ်သိန်းရှစ်သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ Realme 3 လို့ယူဆရတဲ့ ဖုန်းဟာ ထိုင်းနိုင်ငံမှာ RMX1821 အမည်ဖြင့် ထောက်ခံချက် ရရှိခဲ့ပြီ ဖြစ်တာကြောင့် ထုတ်ကုန်အသစ်တွေကို ဆက်မြင်ရဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဖုန်းမှာ ကုမ္ပဏီက ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ 48MP ကင်မရာပါလာမလား ဆိုတာမသေချာသေးတာကြောင့် လာမယ့် လအနည်းငယ် အတွင်းမှာ Realme ဖုန်းအသစ်နှစ်မျိုးလောက်ကို ထပ်တွေ့ရနိုင်ခြေလည်း ရှိနေပါတယ်။

Ref – GSM Arena