Realme ဟာ သူတို့ရဲ့ C15 ဖုန်းသစ်ကို ပြီးခဲ့တဲ့အပတ်က မိတ်ဆက်ခဲ့ပြီး 6,000 mAh ဘက္ထရီနဲ့ ဒေါ်လာ ၁၃၀ (မြန်မာငွေ တစ်သိန်းခုနစ်သောင်းခွဲ) စျေးနှုန်းတို့ ပါဝင်ပါတယ်။ ဒီဟန်းဆက်ကို အင်ဒိုစျေးကွက်မှာသာ မိတ်ဆက် ခဲ့တာ ဖြစ်ပေမယ့် ယနေ့မှာတော့ သူတို့ရဲ့ အိန္ဒိယဝက်ဘ်ဆိုက်မှာလည်း Support Page တစ်ခု တက်လာခဲ့ပြီး စျေးကွက်အသစ်တွေကို ခြေဆန့်လာခဲ့ပါတယ်။

Realme India ဝက်ဘ်ဆိုက်မှာ သူတို့အတွက် မိတ်မဆက်ရသေးတဲ့ Realme C15 စမတ်ဖုန်းကို ထွက်ရှိပြီး ထုတ်ကုန်တွေ ဖြစ်တဲ့ Realme 6i နဲ့ Realme Buds Q တို့နဲ့အတူ ထည့်သွင်းထားတာကို တွေ့ရမှာပါ။

အရင်မျိုးဆက် C11 ထက် ပိုပြီး စုံလင်လာတဲ့ စမတ်ဖုန်းသစ်ဟာ နောက်ဘက်မှာ 13MP + 8MP + 2MP + 2MP Quad-camera ပါဝင်သလို 18W အားသွင်းစနစ်လည်း ထည့်သွင်းထားပါတယ်။ C11 မှာတုန်းက နောက်ဘက် ကင်မရာနှစ်လုံးသာ ပါရှိခဲ့သလို အားသွင်းစနစ်ကလည်း 10W သာ ဖြစ်ပါတယ်။

Realme C15 မှာ ရွေးချယ်စရာ RAM ဗားရှင်းနှစ်မျိုး (3GB / 4GB) ပါဝင်ကာ Storage ကတော့ 64GB တစ်မျိုးတည်းသာ ရရှိမှာပါ။ C11 တုန်းက ရူပီး ၇၄၉၉ (မြန်မာငွေ တစ်သိန်းသုံးသောင်းခွဲ) သာ သတ်မှတ်ခဲ့ပေမယ့် C15 ကတော့ ရူပီး ၈၄၉၉ (မြန်မာငွေ တစ်သိန်းခွဲခန့်) သတ်မှတ်လာမယ်လို့ ယူဆရပါတယ်။

Ref – GSMArena