realme Myanmar မှ “စျေးနှုန်းတန်ပြီး ဒီဇိုင်းလန်း၊ စွမ်းဆောင်ရည်မှာ ပိုပြီးကြမ်း” realme C30 စမတ်ဖုန်းသစ်ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တရားဝင်မိတ်ဆက် ပေးလိုက်ပါသည်။ realme C30 ကို ဗားရှင်းနှစ်မျိုးဝယ်ယူနိုင်ပြီး 2GB+32GB အတွက် ၂၃၉,၉၀၀ ကျပ်နှင့် 4GB+64GB အတွက် ၂၇၉,၉၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပါသည်။ Lake Blue နှင့် Denim Black ဆိုပြီး အရောင်နှစ်မျိုးထဲမှ ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဆန်းသစ်လှပပြီး စွမ်းရည်မြင့် realme C30 ကို ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ပြီး မြန်မာတစ်ပြည်လုံးမှ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

ဆန်းသစ်သည့် 3D ရုပ်ကြွသဖွယ် လိုင်းစင်းအလှတရားဒီဇိုင်းနှင့် ဖန်တီးထားသည့် realme C30 ကို ကိုင်ဆောင်ထားခြင်းသည် ခရီးထွက်နေသော ခံစားမှုမျိုး ရရှိစေပါမည်။ ကြီးမားသော ၆.၅ လက်မ မြင်ကွင်းကျယ်မျက်နှာပြင်နှင့် မျက်နှာပြင်ကိုယ်ထည်အချိုးအစား ၈၈.၇ ရာခိုင်နှုန်း ပါဝင်မှုတို့ကြောင့် ဂိမ်းဆော့ခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် အွန်လိုင်းသုံးခြင်းတို့အတွက် စိတ်ကျေနပ်စေမည့် ခံစားချက်ရရှိစေမှာ ဖြစ်သည်။

realme C30 တွင် ပိုမိုမြန်ဆန်သည့် UFS 2.2 သိုလှောင်မှုစနစ်ကို အသုံးပြုထားသည်။ UFS 2.2 သိုလှောင်မှုစနစ်မှာ သာလွန်သည့်စွမ်းဆောင်ရည်ရှိပြီး eMMC 5.1 ထက် အဆ ၃၀၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာလုပ်နိုင်ခြင်းကြောင့် မြန်ဆန်သည့် file ပြောင်းရွေ့ခြင်း၊ app ဖွင့်ခြင်းတို့ကို ပေးစွမ်းမှာဖြစ်ပါသည်။ realme C30 ၏ Octa-core အမျိုးအစားစွမ်းရည်မြင့် Unisoc T612 processor မှာ AnTuTu စစ်ဆေးရမှတ်ပေါင်း ၂ သိန်းကျော် မြင့်မားစွာရရှိထားသောကြောင့် တည်ငြိမ်ချောမွေ့သည့် ဂိမ်းဆော့ခြင်းနှင့် ဖျော်ဖြေမှု အတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင်လည်း ပြတ်သားသည့် 8MP AI ကင်မရာကို တပ်ဆင်ပေးထားပါသည်။ ရှေ့ဘက် ကင်မရာအတွက် 5MP ရှိသောကြောင့် လှပပြတ်သားသည့် Selfie အလှပုံများကို ရှုထောင့်ပေါင်းစုံကနေ လှလှပပ ဖမ်းယူရိုက်ကူးနိုင်ပါသည်။
ပါးလွှာသည့် ၈.၅ မီလီမီတာ အထူရှိသည့်အတွက် ကျစ်လျစ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူစေပါသည်။ ကြီးမားသော 5000 mAh ဘက်ထရီ ပါဝင်သည့်အတွက် တနေ့တာစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။