ပြီးခဲ့တဲ့ ရက်အနည်းငယ်က သတင်းထွက်ခဲ့တဲ့ realme C31 ကို တရားဝင် ကြေညာလိုက်ပါပြီ။ Unisoc T612 SoC နဲ့ Android 11 အခြေပြု realme UI R Edition ထည့်သွင်းထားပြီး 3GB/32GB နဲ့ 4GB/64GB ၂ မျိုး ထုတ်လုပ်ထားကာ 1TB microSD Card စိုက်နိုင်ပါတယ်။

Realme C31 announced with a 6.5'' screen and 5,000 mAh battery

realme C31 မှာ ၆.၅ လက်မ HD+ မျက်နှာပြင် ပါလာပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main ကင်မရာ တပ်ဆင်ထားပြီး Macro နဲ့ Portrait ကင်မရာတွေရဲ့ Resolution ကို မသိရသေးပါဘူး။

Realme C31 launched with Unisoc chip and large display | Suresource24 |  Breaking & Trending News, First

ဘေးဘက်လက်ဗွေရာ ကိရိယာ ၊ နားကြပ်ပေါက်၊ microUSB နဲ့ 5,000mAh ဘက်ထရီ တွေပါလာပြီး အထူက ၈.၄ မီလီမီတာ ရှိပါတယ်။ အရောင် ၂ မျိုးထုတ်လုပ်ထားပြီး အင်ဒိုနီးရှားမှာ realme ရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ JD.id နဲ့ Tokopedia တို့ကနေ ဝယ်ယူနိုင်ပါပြီ။

အခြေခံ မော်ဒယ် 3GB RAM / 32GB Storage ကို ၁၁၀ ဒေါ်လာနဲ့ 4GB RAM / 64GB Storage ကို ၁၂၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၉၀,၀၀၀ နဲ့ ၂၁၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ realme C31 ကို မတ်လ ၃၁ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ realme C31 ကို တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းအချက်အလက်တွေကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena