Zawgyi

စမတ္ဖုန္းေတြကို ဂိမ္းကစားျခင္းနဲ႔ေဖ်ာ္ေျဖေရးအတြက္ အဓိကအသုံးျပဳလာတဲ့အခ်ိန္မွာ Refresh Rate ပုိျမင့္တဲ့ စမတ္ဖုန္းေတြကို ရွာေဖြသုံးစြဲလာၾကတာ မဆန္းပါဘူး။

တကယ္လုိ႔သင္ဟာ လက္ရွိေစ်းကြက္ထဲမွာ 90Hz ထိ ျမင့္မားတဲ့ Display ကိုမွ အသုံးျပဳခ်င္တယ္ဆုိရင္ OnePlus 7 Pro, nubia Red Magic 3 နဲ႔ Red Magic 3S တုိ႔ရွိေနပါတယ္။ မၾကာခင္မွာ Google ရဲ႕ကိုယ္ပုိင္ Pixel 4 Duo နဲ႔ OnePlus ရဲ႕ 7T/ 7T Pro တုိ႔ထပ္မံေရာက္ရွိလာဖို႔လည္း ရွိေနေသးတယ္။ Oppo ကလည္း သူတုိ႔ဟာ မၾကာခင္ 90Hz Display စမတ္ဖုန္းတစ္လုံးကို ထုတ္လုပ္သြားမယ္လို႔ အတည္ျပဳထားပါတယ္။

အခုအခါမွာေတာ့ အဆုိပါအုပ္စုထဲကို Realme ကိုလည္း နာမည္သြင္းလုိက္လုိ႔ရပါၿပီ။ Realme ရဲ႕ ထုတ္ကုန္မန္ေနဂ်ာ Wang Derek ဟာ သူ႕ရဲ႕ Weibo အေကာင့္ကေန ကုမၸဏီရဲ႕ 90Hz Display နဲ႔စမတ္ဖုန္းဟာ သိပ္မေဝးေတာ့ဘူးလို႔ အတည္ျပဳေပးခဲ့ပါတယ္။ Derek ဟာ ဖုန္းရဲ႕ Specs နဲ႔ပတ္သက္လို႔ ဘာမွမေျပာခဲ့ေပမယ့္ OnePlus 7 ထက္ ေစ်းခ်ဳိမယ္လို႔ေတာ့ ဒဲ့ႀကီးေျပာထားပါတယ္။

သူေျပာတဲ့စမတ္ဖုန္းဟာ 6.4” လက္မ FHD+ AMOLED Display နဲ႔ထြက္လာဖို႔ သတင္းထြက္ထားတဲ့ Realme XT Pro ျဖစ္ႏုိင္တယ္လို႔ေတာ့ ခန္႔မွန္းေနၾကပါတယ္။ XT Pro ဟာ Snapdragon 730G ခ်စ္ပ္ဆက္နဲ႔ ထြက္လာမွာျဖစ္ၿပီး 8GB RAM နဲ႔ 128GB Storage မန္မုိရီပါမယ္လို႔လည္း သတင္းထြက္ထားတာပါ။

ကင္မရာပုိင္းမွာေတာ့ ေရွ႕ဘက္က Notch တစ္ခုထဲမွာ 32MP Selfie ကင္မရာပါဝင္မွာျဖစ္ကာ ေနာက္ဘက္မွာ 64MP အဓိက Sensor ႀကီးကို 8MP Ultra-wide, 2MP Macro Sensor မ်ားနဲ႔ 2MP Depth Sensor တစ္ခုတုိ႔က ဝန္းရံလာမွာပါ။

ဒါ့အျပင္ Realme XT Pro မွာ 4,000 mAh ဘကၳရီကို 30W အားအျမန္သြင္းစနစ္နဲ႔လည္း အသုံးျပဳႏုိင္မယ္လို႔ ၾကားသိထားရပါတယ္။ ဘာပဲျဖစ္ျဖစ္ Realme က မၾကာခင္ ထပ္မံထုတ္ေဖာ္လာမွာျဖစ္ၿပီး သူတုိ႔ရဲ႕ ေစ်းပိုခ်ဳိမယ့္ 90Hz Display ဖုန္းကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

စမတ်ဖုန်းတွေကို ဂိမ်းကစားခြင်းနဲ့ဖျော်ဖြေရေးအတွက် အဓိကအသုံးပြုလာတဲ့အချိန်မှာ Refresh Rate ပိုမြင့်တဲ့ စမတ်ဖုန်းတွေကို ရှာဖွေသုံးစွဲလာကြတာ မဆန်းပါဘူး။

တကယ်လို့သင်ဟာ လက်ရှိဈေးကွက်ထဲမှာ 90Hz ထိ မြင့်မားတဲ့ Display ကိုမှ အသုံးပြုချင်တယ်ဆိုရင် OnePlus 7 Pro, nubia Red Magic 3 နဲ့ Red Magic 3S တို့ရှိနေပါတယ်။ မကြာခင်မှာ Google ရဲ့ကိုယ်ပိုင် Pixel 4 Duo နဲ့ OnePlus ရဲ့ 7T/ 7T Pro တို့ထပ်မံရောက်ရှိလာဖို့လည်း ရှိနေသေးတယ်။ Oppo ကလည်း သူတို့ဟာ မကြာခင် 90Hz Display စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်သွားမယ်လို့ အတည်ပြုထားပါတယ်။

အခုအခါမှာတော့ အဆိုပါအုပ်စုထဲကို Realme ကိုလည်း နာမည်သွင်းလိုက်လို့ရပါပြီ။ Realme ရဲ့ ထုတ်ကုန်မန်နေဂျာ Wang Derek ဟာ သူ့ရဲ့ Weibo အကောင့်ကနေ ကုမ္ပဏီရဲ့ 90Hz Display နဲ့စမတ်ဖုန်းဟာ သိပ်မဝေးတော့ဘူးလို့ အတည်ပြုပေးခဲ့ပါတယ်။ Derek ဟာ ဖုန်းရဲ့ Specs နဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ပေမယ့် OnePlus 7 ထက် ဈေးချိုမယ်လို့တော့ ဒဲ့ကြီးပြောထားပါတယ်။

သူပြောတဲ့စမတ်ဖုန်းဟာ 6.4” လက်မ FHD+ AMOLED Display နဲ့ထွက်လာဖို့ သတင်းထွက်ထားတဲ့ Realme XT Pro ဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းနေကြပါတယ်။ XT Pro ဟာ Snapdragon 730G ချစ်ပ်ဆက်နဲ့ ထွက်လာမှာဖြစ်ပြီး 8GB RAM နဲ့ 128GB Storage မန်မိုရီပါမယ်လို့လည်း သတင်းထွက်ထားတာပါ။

ကင်မရာပိုင်းမှာတော့ ရှေ့ဘက်က Notch တစ်ခုထဲမှာ 32MP Selfie ကင်မရာပါဝင်မှာဖြစ်ကာ နောက်ဘက်မှာ 64MP အဓိက Sensor ကြီးကို 8MP Ultra-wide, 2MP Macro Sensor များနဲ့ 2MP Depth Sensor တစ်ခုတို့က ဝန်းရံလာမှာပါ။

ဒါ့အပြင် Realme XT Pro မှာ 4,000 mAh ဘက္ထရီကို 30W အားအမြန်သွင်းစနစ်နဲ့လည်း အသုံးပြုနိုင်မယ်လို့ ကြားသိထားရပါတယ်။ ဘာပဲဖြစ်ဖြစ် Realme က မကြာခင် ထပ်မံထုတ်ဖော်လာမှာဖြစ်ပြီး သူတို့ရဲ့ ဈေးပိုချိုမယ့် 90Hz Display ဖုန်းကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena