240W Fast Charging ပါတဲ့ realme Gt Neo 5 ကို ဒီလ ၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီရဲ့ အကြီးအကဲ ၁ ယောက်က Teaser Image ကို မျှဝေလိုက်ကာ 150W Fast Charging ပါတဲ့ ဒုတိယ Version ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme confirms GT Neo 5 will have a 150W variant

အဲဒီ Version မှာ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး ၁၆ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

realme ဟာ အရင်ကလည်း 150W Fast Charging ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး အဲဒါက Dimensity 8100 ပါတဲ့ GT Neo3 150W ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ 4,500mAh ဘက်ထရီ တပ်ဆင်ထားပြီး စမ်းသပ်ချက်အရ ၁၆ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Realme GT Neo 5 to feature Snapdragon 8+ Gen 1 and 50MP camera - GSMArena.com news

GT Neo 5 Version ၂ ခုမှာ Specs အများစု တူညီကြမှာ ဖြစ်ပြီး ကွာခြားချက်က 240W Version က Chipset ကို Qualcomm က ထုတ်လုပ်ထားမှာပါ။ 150W Version မှာ MediaTek ရဲ့ Dimensity 8200 5nm SoC မောင်းနှင်ထားမှာပါ။ ဘက်ထရီကလည်း ကွဲပြားပေမယ့် အဲဒီ စမတ်ဖုန်း ၂ လုံးကို တရုတ် ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ ၁ လုံးကိုတော့ တရုတ်မှာပဲ ရောင်းချနိုင်ပါတယ်။

Ref : gsmarena