တစ်ကမ္ဘာလုံးရှိသုံးစွဲသူများအတွက် ခေတ်ရှေ့ပြေးနည်းပညာနှင့် ခေတ်မီဆန်းသစ်သောဒီဇိုင်းများပေါင်းစပ်ထားသည့် စမတ်ဖုန်းနှင့် AIoT ထုတ်ကုန်များစဥ်ဆက်မပြတ်ဖန်တီးထုတ်လုပ်ပေးသွားရန် ရည်မှန်းချက်ချလုပ်ဆောင်နေသည့် ခေတ်ရှေ့ပြေးနည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်သော realme မှာ ကမ္ဘာ့ထိပ်တန်းစီးပွားရေးဆိုင်ရာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fast Company ကတင်သွင်းဖော်ပြလိုက်သည့် ၂၀၂၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏တီထွင်ဆန်းသစ်မှုအရှိဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် ထည့်သွင်းရွေးချယ်ဂုဏ်ပြုဖော်ပြခြင်းခံရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

နည်းပညာနယ်ပယ်ကဏ္ဍတွင် realme ၏ တီထွင်ဆန်းသစ်မှုဆိုင်ရာအောင်မြင်မှုများနှင့် တိုးတက်မြန်ဆန်မှုများကို အထင်ကရနိုင်ငံတကာတာဝန်ရှိသူများနှင့် ပင်မမီဒီယာအဖွဲ့အစည်းတို့က ယခုကဲ့သို့တရားဝင်အသိအမှတ်ပြုဖော်ပြပေးလိုက်ပြီဖြစ်သည်။ realme စတင်တည်ထောင်သည့် တစ်နှစ်နှင့် ၆လတာသက်တမ်းကာလသာရှိသေးသည့် ၂၀၁၉ ခုနှစ် တတိယ ၃လပတ်တွင် ၄င်းတို့ခေတ်ရှေ့ပြေးထုတ်ကုန်ဒီဇိုင်းများနှင့် မြင့်မားသည့်စွမ်းဆောင်ရည်များ ပေါင်းစပ်ထောက်ပံ့ထားသည့် ပြည့်ဝသော သုံးစွဲသူအတွေ့အကြုံများကြောင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်း Counterpoint က ထုတ်ပြန်သည့် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းစာရင်းတွင် အဆင့်-၇ နေရာကို လျင်မြန်စွာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် realme မှာ (၂၀၂၀ ခုနှစ်၊ တတိယ ၃လပတ်တွင် Counterpoint ကထုတ်ပြန်သည့်အချက်အလက်အရ) ကုမ္ပဏီတည်ထောင်ပြီးနောက် တတိယ ၃လပတ် ၉ကြိမ်ကာလအတွင်းမှာပင် အလုံးရေ သန်း ၅၀ အထိရောင်းချနိုင်ခြင်းနှင့်အတူ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ဖော်ပြခြင်းလည်း ခံခဲ့ရသည်။

Fast Company မှာ “Fortune” နှင့် “Business Week” ကဲ့သို့ တူညီသောဂုဏ်သတင်းမွေးပျံ့ခြင်းနှင့်အတူ ကမ္ဘာ့ဂုဏ်ကျက်သရေကြီးမားသော စီးပွားရေးဆိုင်ရာမီဒီယာ ၃ခုထဲတွင် တစ်ခုအဖြစ်ပါဝင်ရပ်တည်နေခြင်းဖြစ်သည်။ “50 Most Innovative Companies” စာရင်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများ၏ တီထွင်ဆန်းသစ်မှုဆိုင်ရာတို့ကို ကိုယ်စားပြုထားခြင်းဖြစ်ပြီ တစ်ကမ္ဘာလုံးအတိုင်းအတာအရ တီထွင်ဆန်းသစ်မှုအရှိဆုံးယှဥ်ပြိုင်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတို့ကိုဖော်ထုတ်ပေးနိုင်ရန် ရည်သန်းထားခြင်းဖြစ်သည်။ Fast Company ၏ တာဝန်ရှိအာဏာပိုင်များနှင့် ရည်ညွှန်းတန်ဖိုးများအရ ယခုဖော်ပြပေးအပ်သည့် ကုမ္ပဏီစာရင်းကို ရင်းနှီးမှုစီပွားရေးလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာတန်ဖိုးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပင်မသွေးကြောအဖြစ် အသိအမှတ်ပြုထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏အထင်ကရကုမ္ပဏီများဖြစ်ကြသည့် Tencent၊ DJI နှင့် Alibaba တို့လည်း ယခင်က ယခုစာရင်းတွင်ရွေးချယ်ဖော်ပြခြင်းခံခဲ့ရဖူးသည်။ ၂၀၂၀ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရိုက်ခတ်မှုတွင် စိန်ခေါ်မှုများစွာဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ Fast Company အတွက် စိစစ်ရွေးချယ်မှုဆိုင်ရာစံနှုန်းမှာ ယခုတစ်ကြိမ်တွင် အပြောင်းအလဲများရှိခဲ့ပြီး ရွေးချယ်ခံရသောကုမ္ပဏီအနေဖြင့် နောက်လာမည့်အချိန်ကောင်းအခြေအနေတွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေစေမည်ဖြစ်သည်။ သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ခက်ခဲသည့်အခြေအနေမျိုးတွင် အောင်မြင်မှုနှင့်ဇွဲရှိစွာရပ်တည်နိုင်ခြင်းတို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရမည်လည်းဖြစ်ပြီး သက်ဆိုင်ရာပတ်ဝန်းကျင်အလိုက် ပြောင်းလဲမှုကိုလက်ခံရင်ဆိုင်ကာ တစ်ချိန်တည်းမှာပင် ကောင်းမွန်နိုင်စွမ်းအတွက် ဆက်လက်ကြိုးစားနေရမည်ဖြစ်သည်။ ခေတ်ရှေ့ပြေးနည်းပညာအမှတ်တံဆိပ် တစ်ခုဖြစ်သည့် realme အနေဖြင့် “Dare to Leap” ဆိုသည့် Brand ခံယူချက်ကို စွဲကိုင်ကာ အကျပ်အတည်းအခြေအနေများကိုဆန်းကျင့်ပြီး ဆက်လက်တိုးတက်လုပ်ဆောင်သွားမည်ဖြစ်သလို ၂၀၂၀ ခုနှစ် ပထမ ၃လပတ် ၂ခုကာလအတွင်း တိုးတက်မှုရှိကြောင်း ဖော်ပြခံရသည့် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်ကာ ကမ္ဘာ့စမတ်ဖုန်းစျေးကွက်တွင် ပင်မစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ခိုင်မာစွာဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။

realme ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Li Bingzhong က “ တီထွင်ဆန်းသစ်ဖို့နည်းလမ်း ၂သွယ်ရှိပါတယ်။ တစ်နည်းက တိကျမှုအပိုင်းမြင့်မားတဲ့နယ်ပယ်တွေမှာ တီထွင်ဆန်းသစ်မှုရှိစေဖို့ ပိုမိုမြင့်မားတဲ့နည်းပညာတွေကို သုတေသနပြု ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုက ရင့်ကျက်နေပြီ ဒါမှမဟုတ် ရင့်ကျက်တော့မယ့်နည်းပညာတွေရဲ့ကုန်ကျစရိတ်ပိုင်းကို ကြီးမားစွာလျှော့ချပြီး အဲ့ဒီနည်းပညာကို လူကြိုက်များအောင်လုပ်ဆောင်ရတာပါ။ realme အနေနဲ့က ဒုတိယလမ်းကိုလျှောက်လှမ်းသွားမှာဖြစ်ပါတယ်” ဟု မှတ်ချက်ပေးပြောဆိုသွားသည်။

realme ၏ ရည်မှန်းချက်အာသီသမှာ သင့်တင့်မျှတသည့်စျေးနှုန်းဖြင့် ခေတ်ရှေ့ပြေးနည်းပညာနှင့် ဆန်းသစ်သည့်ဒီဇိုင်းများပေါင်းစပ်ထားသော စမတ်ဖုန်းနှင့် AIoT ထုတ်ကုန်များကို တစ်ကမ္ဘာလုံးကသုံးစွဲသူများအတွက် ပေးအပ်သွားရန်ပင်ဖြစ်ပြီး realme ၏ထုတ်ကုန်တစ်ခုချင်းစီတိုင်းမှာ ဒီဇိုင်းနှင့်စွမ်းဆောင်ရည်အပိုင်းအရ တန်ဖိုးတူထုတ်ကုန်များအကြားတွင် ဦးဆောင်သွားစေရန်ပင်ဖြစ်သည်။

realme မှာ စမတ်ဖုန်းတစ်လုံးတွင် 64MP ကင်မရာကိုမိတ်ဆက်ပေးခြင်းနှင့် Snapdragon 865/765G Mobile platform တို့ကိုအသုံးချခဲ့သည့်အစောဆုံးကုမ္ပဏီများထဲတွင်ပါဝင်ခဲ့သည်။ realme မှာ အားအမြန်သွင်းစနစ်လူကြိုက်များခြင်းကို အခြေခံစမတ်ဖုန်းများမှ အဆင့်မြင့်စမတ်ဖုန်းများအထိ ထိတွေ့သုံးစွဲနိုင်စေရန် ဦးဆောင်နိုင်ခဲ့သလို 65W SuperDart အားအမြန်သွင်းစနစ်ကိုပါ ပိုမိုသက်သာသည့်စျေးနှုန်းဖြင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။ ထို့အပြင် realme မှာ ကမ္ဘာ့အဆင့်အတိုင်းအတာတွင် လူကြိုက်များသည့် 5G စမတ်ဖုန်းအဖြစ်ပါရပ်တည်နိုင်ခဲ့သလို စျေးကွက်များစွာတွင် 5G စမတ်ဖုန်းအစောဆုံးမိတ်ဆက်ပေးခဲ့သည့် စမတ်ဖုန်းအမှတ်တံဆိပ်များတွင် တစ်ခုအဖြစ်ပါ ပါဝင်ခဲ့ပြီး realme 7 5G version ကိုမိတ်ဆက်ပေးခြင်းဖြင့် ဒေါ်လာ ၃၀၀ အောက်စျေးနှုန်းအတိုင်းအတာတွင် 5G နည်းပညာကိုမိတ်ဆက်ပေးသည့် စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

realme ၏ရည်မှန်းချက်မှာ “Dare to Leap” ဆောင်ပုဒ်အတိုင်း အဆင့်မြင့်မားသည့်နည်းပညာများကို တစ်ကမ္ဘာလုံးရှိ လူငယ်သုံးစွဲသူများစွာအား ထိတွေ့အသုံးပြုသွားနိုင်စေရန်ပင်ဖြစ်သည်။ realme အနေဖြင့် “dare” စွန့်စားရဲသည့်စိတ်ခွန်အားအစွမ်း နှင့် “Dare to Leap” ဆောင်ပုဒ်ကို စွဲကိုင်ကာ နည်းပညာဆန်းသစ်မှုများကို ဆက်လက်ဖန်တီးချပြပြီး ကမ္ဘာတစ်ဝန်းလုံးရှိလူငယ်သုံးစွဲသူများအား အံ့အားသင့်ဖွယ်ကောင်းသည့် ထုတ်ကုန်များစွာကို ယူဆောင်ပေးသွားမည်ဖြစ်သည်။