အသစ်ထွက်ရှိလာမည့် realme 9i တွင် အထူးခြားဆုံး Chipset သစ်ကို ထည့်သွင်းအသုံးပြုပေးသွားရန်ရှိ

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် realme က ၄င်းတို့၏အောင်မြင်ကျော်ကြားသော နံပါတ်စဥ်လိုက် (Number Series) စမတ်ဖုန်းများ၏ အလုံးရေ သန်း ၄၀ ပမာဏအထိရောင်းချနိုင်ခဲ့သည့် မှတ်တိုင်တစ်ခုကို ယခုအခါတွင် တရားဝင်ကြေညာပေးလိုက်ပြီဖြစ်သည်။

သုတေသနကုမ္ပဏီ Strategy Analytics ၏ထုတ်ပြန်ကြေညာချက်များအရ စမတ်ဖုန်းလောက၏ သမိုင်းမှတ်တမ်းတစ်ခုလုံးတွင် အလုံးရေ သန်း ၁၀၀ အထိ အမြန်ဆုံးတင်ပို့ရောင်းချနိုင်ခဲ့သည့် ရောင်းအားပမာဏအတွက် အဓိကအထောက်အပံ့ဖြစ်စေခဲ့သော ခေတ်သစ်စမတ်ဖုန်းမိသားစုဝင်များအကြားတွင် စုစုပေါင်းတင်ပို့ရောင်းချနိုင်ခဲ့သည့် ၂၀၂၁ ခုနှစ် တတိယ ၃လပတ်စစ်တမ်းများ၏ဖော်ပြချက်အရ realme ၏ နံပါတ်စဥ်အလိုက် (Number Series) စမတ်ဖုန်းများ၏ရောင်းအားမှာ အဆင့်-၄ နေရာတွင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ခေတ်သစ်စမတ်ဖုန်းမိသားစုဝင်ဆိုသည့်အသုံးအနှုန်းမှာ OPPO မှ Reno၊ vivo မှ iQoo နှင့် Samsung မှ Galaxy M ထုတ်ကုန်များအပါအဝင် ၂၀၁၈ ခုနှစ်မှစတင်ကာ မိတ်ဆက်ရောင်းချခဲ့သည့် ထုတ်ကုန်အမျိုးအစားများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

အလုံးရေ သန်း ၄၀ ပမာဏအထိ အမြန်ဆုံးတင်ပို့ရောင်းချနိုင်ခဲ့သည့် Android စမတ်ဖုန်းအတန်းအစားများထဲမှ တစ်ခုဖြစ်သည့်အတိုင်း realme ၏ နံပါတ်စဥ်လိုက် (Number Series) စမတ်ဖုန်းများမှာ ၂၀၁၈ခုနှစ်တွင် ပထမဆုံး realme 1 ထုတ်ကုန်ကိုစတင်မိတ်ဆက်ပေးခဲ့ပြီးနောက် ၃ လပတ် ၁၄ကြိမ်အချိန်ကာလအတွင်းမှာပင် ယခုကဲ့သို့ သန်း ၄၀ ပမာဏအထိရောင်းချနိုင်ခဲ့သော မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ realme က ယခုကဲ့သို့ စိုက်ထူနိုင်ခဲ့သည့်မှတ်တိုင်မျိုးမတိုင်ခင်က Samsung မှ A Series၊ Xiaomi မှ Redmi Series၊ OPPO မှ A Series နှင့် vivo မှ iQoo Series တို့သာလျှင် သန်း ၄၀ ပမာဏအထိရောင်းချနိုင်ခဲ့ကြခြင်းဖြစ်သည်။

realme က လက်ရှိစျေးကွက်ထဲတွင် ရောင်းချပေးလျက်ရှိသည့် realme 8 Series ထုတ်ကုန်များမှာ ကမ္ဘာတစ်ဝန်းလုံးက စမတ်ဖုန်းအသုံးပြုကြသည့် လူငယ်သုံးစွဲသူများကို အဓိကပစ်မှတ်ထားကာ ကောင်းမွန်သည့် ခေတ်ရှေ့ပြေးဒီဇိုင်း၊ ပိုမိုကောင်းမွန်သည့် ကင်မရာ Sensor နှင့် ကင်မရာလုပ်ဆောင်မှု feature သစ်များ၊ ပိုမိုတောင်းဆိုလာသည့် အားအမြန်သွင်းစနစ်၊ ဂိမ်းများကို အချော့မွေ့ဆုံးကစားနိုင်စေမည့် စွမ်းဆောင်ရည်မြင့် Chipset များကိုအသုံးပြုပေးထားသည်။ အထူးသဖြင့် realme 8 Pro တွင် ပိုမိုဆန်သစ်ပြီးပါးလွှာသောဒီဇိုင်းကိုအခြေပြုဖန်တီးပေးထားသည့် အဆုံးစွန်ထိရဲရင်သော ဒီဇိုင်း ( Infinite Bold Design)၊ ရိုက်ချက်ကြမ်းကြမ်း 108MP နဲ့ဖမ်း ဆိုသည့်ဆောင်ပုဒ်အတိုင်း ထူးခြားဆန်းသစ်သောဓာတ်ပုံနှင့် ဗွီဒီယိုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် 108MP Main Camera နှင့်အတူ Ultra Quad Camera ဆိုသည့်အတိုင်း ကင်မရာ ၄ လုံးအထိအသုံပြုပေးထားခြင်းဖြစ်သည်။ ၆.၄ လက်မအကျယ်ရှိ Super Amoled Fullscreen မျက်နှာပြင်ပေါ်တွင်လည်း တစ်ချက်ထိရုံဖြင့် မြန်ဆန်သွက်လက်စွာပွင့်သွားစေမည့် Ultra-fast In-display fingerprint လက်ဗွေဖတ်စနစ်ကိုပါထည့်သွင်းအသုံးပြုပေးထားသည်။ ကြီးမားသော 4500 mAh ဘက်ထရီကို ၁၇မိနစ်အချိန်အတွင်း 0 မှ 50 ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်စေမည့် 50W SuperDart Charge အားသွင်းစနစ်ကိုပါထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ဖုန်း၏စွမ်းဆောင်ရည်ပိုင်းတွက် 8nm တည်ဆောက်မှုကိုအခြေခံထားသော Qualcomm ၏ 720G Processor ကိုပါ လိုက်ဖက်ညီစွာအသုံးပြုပေးထားခြင်းကြောင့် realme 8 Pro မှာ ဘက်စုံအသုံးပြုနိုင်သော လူငယ်များပိုမိုရွေးချယ်သည့် ထုတ်ကုန်ကောင်းတစ်ခုအဖြစ် ရပ်တည်ရောင်းချနေရခြင်းဖြစ်သည်။

realme က မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက စမတ်ဖုန်းသုံးစွဲသူများတွက် ပိုမိုကောင်းမွန်သည့် သုံးစွဲမှုအတွေ့အကြုံများ ပေးစွမ်းနိုင်စေရန်ရည်ရွယ်၍ realme 9 Series ထုတ်ကုန်သစ်များကို မိတ်ဆက်ပေးသွားရန်ပါရှိနေသည်။ အသစ်ထွက်ရှိလာမည့် realme 9i ထုတ်ကုန်တွင် ယခင် realme 8 Series ထက် စွမ်းဆောင်ရည်ပိုင်းပိုမိုကောင်းမွန်စေမည့် Chipset သစ်နှင့်ထွက်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ Chipset သစ်၏အားသာချက်မှာ Processing Power ပိုင်းကို ပိုမိုအားကောင်းစေမည့်အပြင် မြန်ဆန်သွက်လက်သည့်ထိတွေ့မှုအတွေ့အကြုံနှင့် ပိုမိုကြာရှည်ခံစေမည့် ဘက်ထက်ရီ စွမ်းဆောင်မှုတို့ကိုပါရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။ စမတ်ဖုန်းတစ်လုံးဝယ်ယူရာတွင် လူငယ်သုံးစွဲသူများ အမြဲအလေးထားစဥ်စားကြသည့် ဒီဇိုင်းပိုင်းနှင့် ကင်မရာစွမ်းဆောင်ရည်များတွင်လည်း realme 9i တွင် အဆင့်မြှင့်တင်ပေးထားမည်ဖြစ်သလို ကြာရှည်ခံစေမည့် ဘက်ထရီအမျိုးအစားနှင့် မြန်ဆန်သောအားသွင်းစနစ်တို့ကိုပါ ထောက်ပံ့ပေးထားမည်ဖြစ်သည်။ ပိုမိုအဆင့်မြင့်စွာထုတ်လုပ်ပေးလာနေသည့် realme ၏ နံပါတ်စဥ် (Number Series) ထုတ်ကုန်သစ်များမှာလည်း ယခု ၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝန်းလုံးတွင် စံချိန်တင်ရောင်းအားများ တိုးမြင့်လာစေမည်ဟုလည်း realme က မျှော်လင့်ထားကြောင်း သိရှိရသည်။