realme က မတ်လမှာ GT Neo 3 150W ကို ကြေညာခဲ့ပြီး မေလမှာ Naruto Edition ကို ချပြခဲ့ပါတယ်။ အခုတော့ realme က နောက်ထပ် အထူးထုတ် Edition တစ်မျိုး ဖြစ်တဲ့ GT Neo 3 150W Thor Love and Thunder Limited Edition ကို မိတ်ဆက်လိုက်ပါတယ်။

Realme GT Neo 3 150W Thor Love and Thunder Limited Edition unveiled, sales begin July 13

realme က အဲဒီ ဖုန်းကို Marvel Studios နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပြီး လူငယ်တွေအတွက် ရည်ရွယ်ထားပါတယ်။ အဲဒီ ဖုန်းဟာ GT Neo 3 150W Nitro Blue Version ကို အခြေပြုတည်ဆောက်ထားတာ ဖြစ်ပြီး Marvel Studios ရဲ့ Thor : Love and Thunder ရုပ်ရှင်ကို အခြေပြုထားတဲ့ Cards , Stickers , Medals နဲ့ Sim Card Ejector တွေ ပါတဲ့ Premium Gift Box ပါလာပါတယ်။ Thor : Love and Thunder ရုပ်ရှင်ကို အိန္ဒိယမှာ ပြသလိုက်ပြီ ဖြစ်ပြီး စမတ်ဖုန်းမှာ အဲဒီ ရုပ်ရှင်ကို အခြေပြုထားတဲ့ Wallpaper ၁ ခု ထည့်သွင်းထားပါတယ်။

Realme GT Neo 3 150W Thor Love and Thunder Limited Edition unveiled, sales begin July 13

Specs တွေကို ပြောရရင် Dimensity 8100 SoC ၊ ၆.၇ လက်မ 120Hz FullHD+ AMOLED မျက်နှာပြင်၊ realme UI 3.0 ၊ 50MP Main ကင်မရာ ၊ 16MP ဆဲလ်ဖီး ကင်မရာ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ 150W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီတွေ ပါလာပါတယ်။ ဒါပေမယ့် Thor Love and Thunder Edition အတွက် 12GB RAM / 256GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

realme GT Neo 3 150W Thor Love and Thunder Edition ကို အိန္ဒိယမှာ ၄၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်း ဝန်းကျင် ကျသင့်မှာပါ။ ဒီလ ၁၃ ရက်နေ့မှာ realme Website နဲ့ စတိုးတွေကနေ ရောင်းချပေးမှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena