realme ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကမှ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ realme GT Neo 3 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ realme GT Neo 3 ဖုန်းဟာ Fast Charging ပိုင်းမှာ 150W အထိ ထောက်ပံ့ပေးနိုင်တာကြောင့် လက်ရှိအချိန်မှာ Charging Speed အမြန်ဆန်ဆုံး Flagship ဖုန်းတစ်လုံးလို့တောင်ပြောနိုင်ပါတယ်။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းအချို့အရတော့ realme ဟာ GT Neo 3 အပြင် နောက်ထပ် Flagship လို့ပြောနိုင်မယ့် စမတ်ဖုန်းအသစ်တစ်လုံးကိုလည်း မိတ်ဆက်ဖို့ စီစဥ်နေပုံရပါတယ်။ အဆိုပါ ဖုန်းကိုတော့ realme GT Neo 3T လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး အခုဆိုရင် Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာတောင် ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

Geekbench မှာထွက်ပေါ်လာတဲ့ သတင်းအရတော့ realme GT Neo 3 ဟာ Qualcomm ရဲ့ Snapdragon 870 Chipset ကိုအသုံးပြုထားတာကို တွေ့ရပါတယ်။ RAM အနေနဲ့ကတော့ 8GB ပဲ ပါဝင်တာကို တွေ့ရပြီး Android Version 12 ကို အခြေခံထားတဲ့ realme UI 3.0 ကို အသုံးပြုထားတာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ realme GT Neo 3T ဟာ 64MP Primary Camera ပါဝင်မှာဖြစ်ပြီး 16MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.5″ ရှိမှာဖြစ်ပြီး Storage အနေနဲ့ကတော့ 256GB အထိ ပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena