realme ဟာ GT Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ realme GT Neo 3T လို့ အမည်ပေးထားပြီး GT Neo 3 နဲ့အများကြီး တူညီပါတယ်။ realme GT Neo 3T မှာ Snapdragon 870 Chipset နဲ့ 64MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

Realme GT Neo 3T unveiled, Neo 3 makes global debut

realme GT Neo 3T မှာ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၆၂ လက်မ ရှိပြီး အဝါနဲ့ အဖြူရောင် မော်ဒယ်တွေရဲ့ အနောက်ဘက်မှာ အလံ ဒီဇိုင်းကို အသုံးပြုထားပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Snapdragon 870 SoC, 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။

80W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး 8/128GB ကို ၄၇၀ ဒေါ်လာနဲ့ 8/256GB ကို ၅၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၆၀,၀၀၀ နဲ့ ၉၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

 

realme ဟာ GT Neo 3 ကို နိုင်ငံတကာအတွက် တိုးချဲ့ရောင်းချပေးလိုက်ပါတယ်။ 8/256GB ကို ၆၅၀ ဒေါ်လာနဲ့ 12/256GB ကို ၇၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၂၀၀,၀၀၀ နဲ့ ၁,၃၈၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena