realme ဟာ တရုတ်နိုင်ငံအတွင်းမှာ 240W Fast Charging ပါဝင်တဲ့ realme GT Neo 5 ဖုန်းကို မိတ်ဆက်ထားပြီး နိုင်ငံတကာစျေးကွက်မှာလည်း realme GT3 နာမည်နဲ့ ပြီးခဲ့တဲ့ MWC 2023 Event မှာ မိတ်ဆက်ခဲ့ပါတယ်။ အခုသိရတဲ့သတင်းတွေအရ realme ဟာ GT Series ဖုန်းတွေကို ထပ်မံတိုးချဲ့ဖို့ စီစဥ်နေတယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လည်းဆိုရင် realme ဟာ တရုတ်နိုင်ငံတွင်းမှာ realme GT Neo 5 Lite လို့ ယူဆရတဲ့ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက်ဖို့ စီစဥ်နေပြီး အခုဆိုရင် TENAA Certification မှာပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

အခုပေါက်ကြားလာတဲ့ဓါတ်ပုံတွေအရ realme GT Neo 5 Lite ဖုန်းဟာ realme GT Neo 5 လိုမျိုး နောက်ဖက်မှာ Transparent Window နဲ့ RGB Lighting တွေပါဝင်မှာမဟုတ်ဘဲ ပုံမှန် Dual Camera Setup ကိုပဲ အသုံးပြုထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ပုံမှန် realme ဖုန်းတွေနဲ့ ပိုပြီး ဆင်တူနေတာကိုတွေ့ရပါတယ်။

Specification အနေနဲ့ realme GT Neo 5 Lite ဖုန်းဟာ Qualcomm ရဲ့ Snapdragon 7 Gen 2 Chipset အသစ် သို့မဟုတ် Snapdragon 7+ Gen1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Camera ပိုင်းမှာ 64MP Main Camera + 8MP Secondary Camera တွေပါဝင်မှာဖြစ်ပြီး 16MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာ 6.74″ 144Hz AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီး 1.5K Resolution ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတော့ realme GT Neo 5 Lite ဟာ အလွန်မြန်ဆန်တဲ့ 240W Fast Charging ကို အသုံးပြုမှာမဟုတ်ဘဲ 100W Fast Charging ပဲ ပါဝင်တဲ့ 5500mAh Battery ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

Ref – GSM Arena