realme GT Neo 5 ရဲ့ သတင်းများစွာ အရင်က ပေါက်ကြားခဲ့ဖူးပြီး နောက်လ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ ကြေညာနိုင်ပါတယ်။ 240W Fast Wired Charging ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး ပေါက်ကြားသတင်းတွေအရ Qualcomm Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမှာပါ။

Realme GT Neo 5 seemingly passes through Geekbench with 16GB of RAM

အခုတော့ Geekbench အွန်လိုင်း ဒေတာဘေ့စ်မှာ realme GT Neo 5 ကို တွေ့လာရပြီ ဖြစ်ပြီး Single-core စမ်းသပ်ချက်မှာ ၁,၂၇၉ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၃,၉၀၂ မှတ် ရထားပါတယ်။

Realme GT Neo 5 passes Geekbench with 16GB RAM

အဲဒီ မော်ဒယ်မှာ 16GB RAM ထည့်သွင်းထားပြီး Android 13 OS မောင်းနှင်ထားပါတယ်။ မော်ဒယ်နံပါတ်က RMX3708 ဖြစ်ပြီး Benchmark က Motherboard ဟာ အထက်ဖော်ပြပါ Snapdragon 8+ Gen 1 SoC နဲ့ ဆက်စပ်နေပါတယ်။

Geekbench မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် realme GT Neo 5 ကို ကြေညာဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေအရ realme GT Neo 5 မှာ ၆.၇၄ လက်မ 1240x2772p AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide , 2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 240W Version မှာ 4,600mAh ဘက်ထရီနဲ့ 150W Version မှာ 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gsmarena