realme ဟာ တရုတ်မှာ GT Neo3 ကို ကြေညာလိုက်ပြီး GT Neo3 ရိုးရိုး မော်ဒယ်နဲ့ 150W UltraDart Charging ပါတဲ့ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ MediaTek Dimensity 8100 Chipset နဲ့ 50MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

The Realme GT Neo3 is unveiled with a Dimensity 8100 chip, 150W fast charging

၆.၇ လက်မ AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ HDR10+ ပံ့ပိုးထားပြီး သီးခြား မျက်နှာပြင် Chip ကြောင့် ဂိမ်းကစားရင် Frame Rate ချောမွတ်အောင်နဲ့ တချို့ အခြေအနေတွေမှာ စွမ်းအင်စားသုံးမှု နည်းပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Realme GT Neo3 launched with Dimensity 8100 and 150W charging

8/12GB LPDDR5 RAM နဲ့ 128/256GB UFS 3.1 Storage ထည့်သွင်းထားပြီး အနောက်ဘက်မှာ OIS ပါတဲ့ 50MP Sony IMX766 , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ပါလာပါတယ်။ ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။

Realme GT Neo3 launched with Dimensity 8100 and 150W charging

realme GT Neo3 ရဲ့ အမိုက်ဆုံးက 80W Flash Charging ဖြစ်ပြီး 5,000mAh ဘက်ထရီကို ၃၂ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ နောက်မော်ဒယ် ၁ လုံးမှာ 4,500mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 150W UltraDart Charging ထည့်သွင်းထားပါတယ်။

Realme GT Neo3 launched with Dimensity 8100 and 150W charging

realme GT Neo3 အတွက် Black , Silverstone Silver နဲ့ Le Mans Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁,၉၉၉ ယွမ်၊ 8/128GB ကို ၂,၂၉၉ ယွမ်နဲ့ 12/256GB ကို ၂,၅၉၉ ယွမ် သတ်မှတ်ထားကာ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၅၅၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။

realme GT Neo3 150W ရဲ့ 8/256GB ကို ၂,၅၉၉ ယွမ်နဲ့ 12/256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးနည်း မော်ဒယ်ဟာ ၇၂၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။

Ref : gsmarena