realme ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ GT Neo2 နဲ့ အောက်တိုဘာလမှာ GT Neo2T ကို ကြေညာခဲ့ပြီး မကြာခင်ကပဲ တရုတ်မှာ Dimensity 8100 ပါတဲ့ GT Neo3 ကို ချပြခဲ့ပါတယ်။ အခုတော့ တရုတ်က Leaker ၁ ယောက်က GT Neo3T ရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပြီး တရုတ်မှာ အစောဆုံး အနေနဲ့ ဒီလထဲ ကြေညာနိုင်ပါတယ်။

Rea;lme RMX3372

တရုတ်က TENAA မှာ RMX3372 မော်ဒယ်နံပါတ်ပါတဲ့ realme ဖုန်း ၁ လုံးကို ဒီ ၁ ပတ်အစောပိုင်းမှာ မှတ်ပုံတင်ခဲ့ပြီး Specs နဲ့ ဓါတ်ပုံတွေကို ပြသထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ realme GT Neo3T နာမည်နဲ့ ရောင်းချနိုင်ပါတယ်။

Realme GT Neo3T Price in Bangladesh 2022 - Mobile phone price in Bangladesh

Tipster ရဲ့ သတင်းအရ realme GT Neo3T (RMX3372) မှာ ၆.၆၂ လက်မ Full HD+ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 16MP Sony IMX471 ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP OmniVision OV64B ပင်မ ကင်မရာ၊ 8MP Sony IMX355 Ultrawide နဲ့ 2MP ကင်မရာတွေ ထည့်သွင်းထားမှာပါ။

Snapdragon 870 SoC မောင်းနှင်ထားနိုင်ပြီး 6GB/8GB/12GB LPDDR5 RAM နဲ့ 128GB/256GB/512GB UFS 3.1 Storage တွေ ထုတ်လုပ်ထားမှာပါ။

GT Neo3T မှာ 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Gorilla Glass 5 ၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ Dual Stereo Speaker ၊ X-axis Linear Motor နဲ့ NFC လို့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာပါ။ အခြေခံ မော်ဒယ်ဟာ 8GB+128GB ဖြစ်မယ်လို့ Tipster က ပြောပြီး ၁,၉၉၉ ယွမ် (၅၆၀,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina