realme ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ realme GT3 ဖုန်းကို MWC Event မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ realme GT3 ဖုန်းဟာ Gloabal စျေးကွက်မှာ realme GT Neo5 ဆိုပြီး ရောင်းချသွားမှာဖြစ်ပြီး အဓိကအနေနဲ့ 240W Fast Charging ကို ပထမဆုံးအသုံးပြုထားတဲ့စမတ်ဖုန်းဖြစ်လာမှာပါ။

အခုလည်း realme ကနေ တရားဝင်မမိတ်ဆက်ခင်မှာ တရုတ်ပြည်တွင်းမှာ ရောင်းးချသွားမယ့် realme GT3 ဖုန်းရဲ့ အားသွင်းအမြန်နှုန်းကို Charging Test Video နဲ့ တရားဝင်ပြသလိုက်ပါတယ်။ အဆိုပါ Video အရ realme GT3 ဖုန်းဟာ 1% ကနေ 100% အထိ အားသွင်းဖို့ကို ၉ မိနစ် နဲ့ ၃၇ စက္ကန့်ပဲ အချိန်ကြာမြင့်တာကိုတွေ့ရပါတယ်။

 

ဒါကြောင့် realme GT3 နဲ့ realme GT Neo5 ဖုန်းတွေမှာ အသုံးပြုလာမယ့် 240W Charging Speed ဟာ အလွန်မြန်ဆန်ပြီး 20% အထိအားသွင်းဖို့ကို အချိန် ၈၀ စက္ကန့်ပဲကြာမြင့်ပြီး 50% ကို ၄ မိနစ်အတွင်း အားသွင်းနိုင်မှာဖြစ်ပါတယ်။

တစ်ခုရှိတာက အခုလို 240W Fast Charging ပါဝင်တဲ့ Version ဟာ 4600mAh Battery ပဲ ပါဝင်မှာဖြစ်ပြီး 150W Fast Charging ပါဝင်ပြီး 5000mAh Battery ပါဝင်တဲ့ Version ကိုလည်း ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် realme GT3 ဖုန်းဟာ လက်ရှိမှာ အားသွင်းအမြန်ဆုံးဖုန်းတစ်လုံးဖြစ်နေပါပြီ။

Ref – GSM Arena