Zawgyi

Realme စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ OPPO ရဲ႕ ကုမၸဏီခြဲတစ္ခုအေနနဲ႔ ရွိေနတာျဖစ္ၿပီးေတာ့ အသုံးျပဳတဲ့ OS ကလည္း OPPO နဲ႔ တူညီေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္လာမယ့္အခ်ိန္တစ္ခုအတြင္းမွာ Realme က OPPO နဲ႔ မသက္ဆိုင္ေတာ့ဘဲ လုံးဝ သီးသန္႔စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္လာဖို႔ မ်ားေနပါတယ္။

အခုသတင္းကိုေတာ့ Realme Taiwan ရဲ႕ Chief Commercial Officer ျဖစ္တဲ့ Chung Hsiang-wei ကေန Realme ဟာ မၾကာခင္အခ်ိန္အတြင္းမွာ ကိုယ္ပိုင္ Ecosystem နဲ႔ Prodution Line ေတြကို တည္ေဆာက္သြားမယ္ဆိုၿပီး ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Realme ဟာ OPPO နဲ႔ Resource ေတြကို မွ်ေဝသုံးစြဲေနတဲ့အတြက္ ေနာက္ပိုင္းမွာေတာ့ ဘယ္လိုျဖစ္လာမလဲဆိုတာ ခန္႔မွန္းရခက္ေနပါတယ္။

ဒါေပမယ့္လည္း Chung Hsiang-wei ရဲ႕ ေျပာၾကားခ်က္အရေတာ့ Realme နဲ႔ OPPO ဟာ ၿပိဳင္ဘက္ေတြျဖစ္လာမွာမဟုတ္ဘဲ OPPO က အခုေနာက္ပိုင္းမွာ Reno Series ဖုန္းေတြနဲ႔ Premium ဘက္ကို သြားေနတာျဖစ္ၿပီး Realme ကေတာ့ Tech ပိုင္းနဲ႔ Fashion ပိုင္းကိုပဲ ဦးစားေပးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒ့ါအျပင္ Realme အေနနဲ႔ True Wireless Earbuds ေတြလိုမ်ိဳး Wearable ေတြကိုပါ မိတ္ဆက္သြားဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္တစ္ခုကေတာ့ OPPO ဟာ အသုံးျပဳသူ ၆၀ ရာခိုင္ႏႈန္းက မိန္းကေလးေတြျဖစ္ေပမယ့္ Realme မွာေတာ့ အသုံးျပဳသူ ၆၀ ရာခိုင္ႏႈန္းက ေယာက်္ားေလးေတြျဖစ္ေနတာပါ။ အခုလက္ရွိမွာ Realme က လက္ရွိ ေစ်းကြက္တင္ပို႔မႈအမ်ားဆုံးစမတ္ဖုန္းကုမၸဏီေတြထဲမွာ နံပါတ္ (၇) ေနရာမွာရွိေနသလို တိုးတက္မႈအလွ်င္ျမန္ဆုံး Brand တစ္ခုအေနနဲ႔လည္း သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေနာက္ပိုင္းမွာ Realme အေနနဲ႔ ကိုယ္ပိုင္ Design ၊ ကိုယ္ပိုင္ UI OS ပါဝင္တဲ့ စမတ္ဖုန္းေတြကို ျမင္ရဖို႔ရွိေနပါၿပီ။

Ref – GSM Arena

Unicode

Realme စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ OPPO ရဲ့ ကုမ္ပဏီခွဲတစ်ခုအနေနဲ့ ရှိနေတာဖြစ်ပြီးတော့ အသုံးပြုတဲ့ OS ကလည်း OPPO နဲ့ တူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်လာမယ့်အချိန်တစ်ခုအတွင်းမှာ Realme က OPPO နဲ့ မသက်ဆိုင်တော့ဘဲ လုံးဝ သီးသန့်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်လာဖို့ များနေပါတယ်။

အခုသတင်းကိုတော့ Realme Taiwan ရဲ့ Chief Commercial Officer ဖြစ်တဲ့ Chung Hsiang-wei ကနေ Realme ဟာ မကြာခင်အချိန်အတွင်းမှာ ကိုယ်ပိုင် Ecosystem နဲ့ Prodution Line တွေကို တည်ဆောက်သွားမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Realme ဟာ OPPO နဲ့ Resource တွေကို မျှဝေသုံးစွဲနေတဲ့အတွက် နောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်နေပါတယ်။

ဒါပေမယ့်လည်း Chung Hsiang-wei ရဲ့ ပြောကြားချက်အရတော့ Realme နဲ့ OPPO ဟာ ပြိုင်ဘက်တွေဖြစ်လာမှာမဟုတ်ဘဲ OPPO က အခုနောက်ပိုင်းမှာ Reno Series ဖုန်းတွေနဲ့ Premium ဘက်ကို သွားနေတာဖြစ်ပြီး Realme ကတော့ Tech ပိုင်းနဲ့ Fashion ပိုင်းကိုပဲ ဦးစားပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် Realme အနေနဲ့ True Wireless Earbuds တွေလိုမျိုး Wearable တွေကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ OPPO ဟာ အသုံးပြုသူ ၆၀ ရာခိုင်နှုန်းက မိန်းကလေးတွေဖြစ်ပေမယ့် Realme မှာတော့ အသုံးပြုသူ ၆၀ ရာခိုင်နှုန်းက ယောကျ်ားလေးတွေဖြစ်နေတာပါ။ အခုလက်ရှိမှာ Realme က လက်ရှိ စျေးကွက်တင်ပို့မှုအများဆုံးစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ နံပါတ် (၇) နေရာမှာရှိနေသလို တိုးတက်မှုအလျှင်မြန်ဆုံး Brand တစ်ခုအနေနဲ့လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Realme အနေနဲ့ ကိုယ်ပိုင် Design ၊ ကိုယ်ပိုင် UI OS ပါဝင်တဲ့ စမတ်ဖုန်းတွေကို မြင်ရဖို့ရှိနေပါပြီ။

Ref – GSM Arena