realme ရဲ့ Narzo Series ဖုန်းတွေဟာ စျေးနှုန်းသက်သာတာကြောင့် လူကြိုက်များတဲ့ ဖုန်း Series တစ်ခုဖြစ်ပါတယ်။ အခုလည်း realme ကနေ Narzo N53 ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

realme Narzo N53 ဖုန်းဟာ 6.74″ HD+ LCD Display ပါဝင်မှာဖြစ်ပြီး 90Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ 8MP Selfie Camera ကို Waterdrop Notch ပုံစံဒီဇိုင်းပြုလုပ်ထားပြီး Dynamic Island ပုံစံ Mini Capsule Feature ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Battery Status ၊ Data Usage နဲ့ Daily Step အစရှိတဲ့ အချက်အလက်တွေကို Mini Capsule မှာ ကြည့်နိုင်မှာပါ။

Performance ပိုင်းမှာ Unisoc T612 Chipset ကို အသုံးပြုထားပြီး RAM 4GB သို့မဟုတ် 6GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာ RAM ပေါ်မှုတည်ပြီး 64GB သို့မဟုတ် 128GB ပါဝင်မှာပါ။ Storage ကို MicroSD Card ကနေလည်း ထပ်မံတိုးချဲ့နိုင်ဦးမယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ 50MP Main Camera အပြင် နောက်ထပ် Sensor တစ်ခုကိုပါ ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ 5000mAh Battery ပါဝင်ပြီး 33W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာပါ။ Software ပိုင်းအတွက် Android 13 ကို အခြေခံထားတဲ့ realme UI T Edition ကို အသုံးပြုထားပါတယ်။


ကျန်တဲ့ Feature တွေကတော့ Stereo Speaker ၊ Headphone Jack နဲ့ Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ realme Narzo N53 ဟာ Feather Gold နဲ့ Black ဆိုပြီး အရောင် ၂ မျိုးထွက်ရှိမှာဖြစ်ပြီး RAM 4GB + 64GB Version ကို INR 8,999 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ၊ RAM 6GB + 128GB Version ကို INR 10,999 (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ အိန္ဒိယနိုင်ငံမှာ လာမယ့် မေလ ၂၄ ရက်က စတင်ပြီး ရောင်းချသွားဖို့ စီစဥ်ထားပါတယ်။

Ref – GSM Arena