realme ဟာ ယခုနှစ်အတွင်းမှာ ဆက်တိုက်ကို စမတ်ဖုန်းအသစ်တွေ မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း realme 11 Series ကို မိတ်ဆက်ထားခဲ့သလို မကြာခင်မှာလည်း အိန္ဒိယစျေးကွက်အတွင်းမှာ Narzo 60 Series ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒီလိုမျိုး စမတ်ဖုန်းတွေတင် အသစ်မိတ်ဆက်ဖို့ရှိနေတာမဟုတ်ဘဲ realme ကနေ realme Pad 2 4G လို့ နာမည်ပေးထားတဲ့ Tablet အသစ်တစ်လုံးကိုလည်း မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါ realme Pad 2 4G ရဲ့ Render ဓါတ်ပုံတွေအပြင် Specs အသေးစိတ်တွေ ပေါက်ကြားလာခဲ့တာကြောင့်ဖြစ်ပါတယ်။

realme Pad 2 4G Tablet ဟာ MediaTek Helio G99 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး ယခင်ထွက်ရှိထားတဲ့ realme 10 4G Version နဲ့ စွမ်းဆောင်ရည်ပိုင်း တူညီမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး 128GB Storage ကို ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Battery ပိုင်းမှာ realme Pad 2 4G Tablet ဟာ 8360mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကိုလည်း USB-C ကနေတစ်ဆင့် ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Speaker အနေနဲ့ Stereo Speaker Setup ပါဝင်မှာဖြစ်ပြီး အပေါ်ဘက်နဲ့ အောက်ခြေမှာ Speaker Grill ၂ ခုစီပါဝင်တာကိုတွေ့ရပါတယ်။

Camera ပိုင်းမှာတော့ Dual Camera Setup ကို ထည့်သွင်းထားပြီး 20MP Main Sensor အပြင် Secondary Sensor တစ်ခုပါ ပါဝင်မှာဖြစ်ပါတယ်။ Software အနေနဲ့ Android 13 ကို အခြေခံထားတဲ့ realme UI 4.0 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

realme Pad 2 4G Tablet ကို မိတ်ဆက်မယ့်အချိန်ကို အတိအကျမသိရသေးပေမယ့် ဖြစ်နိုင်တာက လာမယ့် သြဂုတ်လ သို့မဟုတ် စက်တင်ဘာလမှပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena