realme က အိန္ဒိယမှာ Pad X ကို ကြေညာလိုက်ပြီး realme Pad နဲ့ realme Pad Mini တို့ပြီးနောက် အဲဒီနိုင်ငံမှာ တတိယမြောက် ကြေညာတဲ့ တက်ဘလက် ဖြစ်ပါတယ်။

Realme Pad X

realme Pad X ဟာ ကုမ္ပဏီရဲ့ ထွက်ထားသမျှ တက်ဘလက်တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ မေလက တရုတ်မှာ ကြေညာခဲ့ပေမယ့် အခု အိန္ဒိယမှာ ကြေညာတဲ့ မော်ဒယ်မှာ 5G ပါလာပါတယ်။

Realme Pad X with 5G connectivity debuts in India, Smart Keyboard and Pencil tag along

realme Pad X မှာ ၁၁ လက်မ LCD 2000×1200 Pixel မျက်နှာပြင် တပ်ဆင်ထားပြီး 16.7 Million Color တွေကို ပြသပေးနိုင်ပါတယ်။ 450 Nits Peak Brightness ထောက်ပံ့ထားပြီး Screen-to-body Ratio က ၈၄.၆ ရာခိုင်နှုန်း ရှိပါတယ်။

Realme Pad X with 5G connectivity debuts in India, Smart Keyboard and Pencil tag along

တက်ဘလက်နဲ့ တွဲဖက် သုံးဖို့ realme Pencil ကို ထုတ်လုပ်ပေးထားပြီး Pressure Sensitivity Level က 4096 ရှိပါတယ်။  240Hz Sampling Rate ထောက်ပံ့ထားပြီး တက်ဘလက်ဘေးကနေ သံလိုက်နဲ့ အားသွင်းနိုင်ပါတယ်။ 1.3mm Key Travel ရှိတဲ့ realme Smart Keyboard ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Realme Pad X with 5G connectivity debuts in India, Smart Keyboard and Pencil tag along

realme Pad X မှာ Qualcomm Snapdragon 695 SoC မောင်းနှင်ထားပြီး Android 12 အခြေပြု realme UI 3.0 ပါလာပါတယ်။ PC Connect, Limelight ( Apple Center Stage နဲ့ တူညီ) နဲ့ Split-view လို လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Realme Pad X with 5G connectivity debuts in India, Smart Keyboard and Pencil tag along

အနောက်ဘက်မှာ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၄ လုံး၊ microSD Card Slot နဲ့ USB Type-C Port ပါပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 8,340mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

4GB + 64GB (WiFi-only) – ₹19,999 ($251)

4GB + 64GB (WiFi + 5G) – ₹25,999 ($326)

6GB + 128GB (WiFi + 5G) – ₹27,999 ($351)

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၄၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Glacier Blue နဲ့ Glowing Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာ realme.com , Flipkart နဲ့ မြေပြင်စတိုးတွေကနေ ရောင်းမှာပါ။

Ref : gizmochina