realme ဟာ အခုနောက်ပိုင်းမှာ Android Tablet စျေးကွက်ကို ပိုပြီးဝင်ရောက်လာသလို အခုလည်း တရုတ်နိုင်ငံတွင်းမှာ realme Pad X အမည်နဲ့ Tablet အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Tablet ဟာ realme ကနေ မိတ်ဆက်ခဲ့သမျှ Tablet တွေထဲမှာ Specification အရ အကောင်းဆုံး Tablet တစ်ခုလို့ ပြောရမှာပါ။

Display ပိုင်းအနေနဲ့ realme Pad X ဟာ 11″ Full HD+ Display ကို အသုံးပြုထားပြီး 5:3 Aspect Ratio ၊ 450Nits Peak Brightness ရှိတဲ့ LCD Display ကို အသုံးပြုထားပါတယ်။ Stylus Input ကို Support ပြုလုပ်ထားပြီး realme ကနေလည်း Pressure-sensitive Stylus တစ်ခုကို သီးသန့်ရောင်းချသွားမှာဖြစ်ပါတယ်။ realme Pad X ဟာ အထူအနေနဲ့ 7.1mm ပဲ ရှိပြီး 499g ပဲ အလေးချိန်ရှိတာကြောင့် ပါးလွှာပြီး ပေါ့ပါးတဲ့ Tablet တစ်ခုလို့ ပြောနိုင်ပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားပြီး RAM 4GB သို့မဟုတ် RAM 6GB ကို 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage ကို ထပ်မံတိုးချဲ့ချင်တဲ့သူတွေအတွက်လည်း MicroSD Card ကနေ ထပ်မံတိုးမြှင့်နိုင်ဦးမှာပါ။ Camera ပိုင်းမှာတော့ 8MP Ultra-wide Sensor ပါဝင်ပြီး နောက်ကျောဘက်မှာတော့ 13MP Back Camera ကို တပ်ဆင်ပေးထားပါတယ်။

realme Pad X ဟာ 8340mAh Battery ကို အသုံးပြုထားပြီး 33W Fast Charging ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ realme UI 3.0 ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။

realme Pad X ဟာ Fluorescent Green ၊ Sea Blue နဲ့ Star Gray ဆိုပြီး အရောင် ၃ မျိုးထွက်ရှိသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ RAM 4GB Model ကို တရုတ်ယွမ်ငွေ ၁,၂၉၉ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ RAM 6GB Model ကိုတော့ ၁,၅၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ဖြင့် လာမယ့် မေလ ၃၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena