realme ဟာ မေလက တရုတ်မှာ Buds Q နားကြပ်ကို ကြေညာခဲ့ပြီးနောက် ၁ လအကြာမှာ အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ အိန္ဒိယမှာ ပထမဆုံး အသုတ်ကို ရောင်းချပေးလိုက်ပြီး အလုံးရေ  ၂၅,၀၀၀ တောင် ရောင်းနိုင်ခဲ့တဲ့အတွက် ရောင်းအား လန်းပါတယ်။

realme Buds Q မှာ 10mm Drivers ထည့်ထားပြီး ဘက်ထရီ သက်တမ်းက စုစုပေါင်း နာရီ ၂၀ တောင် ခံတဲ့အတွက် သီချင်းတွေ ရှယ်နားထောင်လို့ရပါတယ်။ Bluetooth 5.0 ဆက်သွယ်မှု ပါလာပြီး TWS နားကြပ် ဖြစ်ပါတယ်။ Fast Wired Charging ထောက်ပံ့ထားပြီး realme Buds Air လို Wireless တော့ မပါပါဘူး။ realme က Latency ဟာ 119 ms ပဲရှိတယ်လို့ ပြောတဲ့အတွက် ဂိမ်းကစားရင် အသံနောက်ကျတာ နည်းမှာပါ။ နားကြပ်တစ်ခုစီရဲ့ အလေးချိန်က ၃.၆ ဂရမ်ပဲ ရှိပြီး သက်တောင့်သက်သာ ဝတ်ဆင်နိုင်ပါတယ်။

Buds Q ကို ဥရောပမှာလည်း ရောင်းချမှာ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့မှာ နားကြပ်နဲ့အတူ realme X50 5G စမတ်ဖုန်းကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena