[Zawgyi]

လာမယ့္ စက္တင္ဘာလ ၅ ရက္ေန႔မွာ Realme ဟာ သူတို႔ရဲ႕ Q Series ကို မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ တ႐ုတ္မွာျပဳလုပ္မယ့္ ဒီမိတ္ဆက္ပြဲမွာ Realme Q ကို ျမင္ေတြ႕ရမွာပါ။ မိတ္မဆက္ခင္ တစ္ပတ္အလိုမွာေတာ့ ကုမၸဏီက သူတို႔ရဲ႕ ထုတ္ကုန္သစ္အေၾကာင္း အခ်က္အလက္အခ်ိဳ႕ကို တရားဝင္ ထုတ္ျပန္သြားၿပီ ျဖစ္ပါတယ္။

Realme Q ဟာ Snapdragon 712 SoC ကို အသုံးျပဳထားေၾကာင္း ကုမၸဏီက တရားဝင္ ေၾကညာလိုက္ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ရက္တုန္းက ကုမၸဏီရဲ႕ CMO Xu Qi Chase ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ Realme ဟာ ထုတ္ကုန္သစ္ ေလးမ်ိဳးကို ေၾကညာသြားမယ္လို႔ ထည့္သြင္းေဖာ္ျပထားခဲ့ပါတယ္။ ဒါေၾကာင့္ Realme Q အမ်ိဳးအစား ၄ မ်ိဳးကိုပဲ မိတ္ဆက္သြားမလားလို႔လည္း ေမးခြန္းထုတ္ခ်င္စရာပါ။

ကနဦးထြက္ခဲ့တဲ့ သတင္းေတြနဲ႔ အစဥ္အလာအရ တြက္ခ်က္ၿပီး ေမွ်ာ္လင့္ရတာကေတာ့ Realme 5, Realme 5 Pro, Realme XT နဲ႔ Realme Q1 ေတြကို မိတ္ဆက္လာဖို႔ပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ Realme 5 Pro က အျမင့္ဆုံးအျဖစ္ ဦးေဆာင္လာဖြယ္ရွိပါတယ္။ Realme XT ကလည္း 64MP ကင္မရာနဲ႔လို႔ သတင္းထြက္ၿပီးသား ပါပဲ။

ဒါ့အျပင္ ကုမၸဏီရဲ႕ Weibo Profile မွာ ကင္မရာေလးလုံးေခတ္လို႔ အဓိပၸါယ္ရတဲ့ “Four-cam-era” အေၾကာင္းကိုလည္း ေဖာ္ျပထားတာေၾကာင့္ ေက်ာဘက္ကင္မရာေလးလုံးနဲ႔ အမ်ိဳးအစားကိုလည္း မိတ္ဆက္လာမလားဆိုတာ ေစာင့္ၾကည့္ရပါဦးမယ္။ ေနာက္တစ္ခ်က္က တ႐ုတ္မွာ Realme 5 Pro ကို Q lineup ေအာက္ကေန မိတ္ဆက္သြားမလားဆိုတာလည္း ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Realme Q ဟာ Snapdragon 710 SoC နဲ့ဖြစ်ကြောင်း တရားဝင် ကြေညာ

လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ Realme ဟာ သူတို့ရဲ့ Q Series ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာပြုလုပ်မယ့် ဒီမိတ်ဆက်ပွဲမှာ Realme Q ကို မြင်တွေ့ရမှာပါ။ မိတ်မဆက်ခင် တစ်ပတ်အလိုမှာတော့ ကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန်သစ်အကြောင်း အချက်အလက်အချို့ကို တရားဝင် ထုတ်ပြန်သွားပြီ ဖြစ်ပါတယ်။

Realme Q ဟာ Snapdragon 712 SoC ကို အသုံးပြုထားကြောင်း ကုမ္ပဏီက တရားဝင် ကြေညာလိုက်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်တုန်းက ကုမ္ပဏီရဲ့ CMO Xu Qi Chase ရဲ့ထုတ်ပြန်ချက်မှာတော့ Realme ဟာ ထုတ်ကုန်သစ် လေးမျိုးကို ကြေညာသွားမယ်လို့ ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် Realme Q အမျိုးအစား ၄ မျိုးကိုပဲ မိတ်ဆက်သွားမလားလို့လည်း မေးခွန်းထုတ်ချင်စရာပါ။

ကနဦးထွက်ခဲ့တဲ့ သတင်းတွေနဲ့ အစဉ်အလာအရ တွက်ချက်ပြီး မျှော်လင့်ရတာကတော့ Realme 5, Realme 5 Pro, Realme XT နဲ့ Realme Q1 တွေကို မိတ်ဆက်လာဖို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ Realme 5 Pro က အမြင့်ဆုံးအဖြစ် ဦးဆောင်လာဖွယ်ရှိပါတယ်။ Realme XT ကလည်း 64MP ကင်မရာနဲ့လို့ သတင်းထွက်ပြီးသား ပါပဲ။

ဒါ့အပြင် ကုမ္ပဏီရဲ့ Weibo Profile မှာ ကင်မရာလေးလုံးခေတ်လို့ အဓိပ္ပါယ်ရတဲ့ “Four-cam-era” အကြောင်းကိုလည်း ဖော်ပြထားတာကြောင့် ကျောဘက်ကင်မရာလေးလုံးနဲ့ အမျိုးအစားကိုလည်း မိတ်ဆက်လာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ နောက်တစ်ချက်က တရုတ်မှာ Realme 5 Pro ကို Q lineup အောက်ကနေ မိတ်ဆက်သွားမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena