realme က ၂၀၂၀ ခုနှစ် မေလမှာ Periscope Telephoto ကင်မရာ ပါတဲ့ realme X3 SuperZoom ကို ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ကုမ္ပဏီဟာ Telephoto နဲ့ Periscope Telephoto ကင်မရာ ပါတဲ့ ဖုန်းတွေကို မရောင်းချခဲ့ပါဘူး။ အခုတော့ realme က Periscope ကင်မရာ ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ကြေညာတော့မယ်လို့ X မှာ သတင်းပေးထားပါတယ်။

realme က တင်ထားတဲ့ ဓါတ်ပုံမှာ စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ စက်ဝိုင်း ၂ ခု ပါပြီး လေးထောင့် ၁ ခု ထည့်သွင်းထားပါတယ်။ စက်ဝိုင်း ၂ ခုဟာ ပင်မနဲ့ Ultrawide ကင်မရာတွေ ဖြစ်နိုင်ပြီး လေးထောင့်က Periscope Telephoto ကင်မရာ ဖြစ်နိုင်ပါတယ်။

realme က ကင်မရာနဲ့ အဲဒီဖုန်း အကြောင်း ဘာမှ မပြောသေးပေမယ့် “Not only Max can zoom” စာသားကို ရေးသားထားတဲ့အတွက် မကြာခင်က ကြေညာခဲ့တဲ့ Apple iPhone 15 Pro Max ကို လှောင်ပြောင်ချင်ပုံရပါတယ်။ iPhone 15 Pro Max မှာ 12MP Periscope Telephoto ကင်မရာ ပါလာပြီး 5x Optical Zoom ထောက်ပံ့ထားပါတယ်။ Periscope ကင်မရာ ပါတဲ့ ပထမဆုံး iPhone လည်း ဖြစ်ပါတယ်။

Realme teases smartphone with a periscope camera - GSMArena.com news

realme အကြောင်းပြန်ပြောရရင် အဲဒီဖုန်းဟာ realme GT5 Pro ဖြစ်နိုင်ပြီး မကြေညာရသေးတဲ့ Snapdragon 8 Gen 3 SoC ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 64MP Telephoto ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ အဲဒီ ဖုန်း အကြောင်း လာမယ့် ရက်သတ္တပတ်တွေအတွင်း ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena