[Zawgyi]
ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင် Realme ဟာ အမိမြေကို ဝင်ရောက်လာတဲ့အခါမှာ မျက်နှာပန်းလှအောင် စမတ်ဖုန်း ၂မျိုး သယ်ဆောင်လာမယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးပစ္စည်း Certification ဝက်ဆိုက်တစ်ခုဖြစ်တဲ့ TENAA မှာ Realme စမတ်ဖုန်း ၂မျိုး ပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။
Ref : Gizmochina
[Unicode]
Pop-up Camera, In-display Fingerprint Sensor တွေပါတဲ့ Realme စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ဖွယ်ရှိ
အိန္ဒိယစျေးကွက်ကြီးကို ပစ်မှတ်ထားပြီး မိုဘိုင်းဖုန်းလောကထဲကို ဝင်ရောက်ခဲ့တဲ့ Realme ဟာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်လာတာနဲ့အမျှ နိုင်ငံတော်တော်များများမှာ စျေးကွက်ချဲ့ထွင်လာခဲ့ပါတယ်။ ဒါ့အပြင် Realme ဟာ အမိမြေ တရုတ်နိုင်ငံမှာပါ ဝင်ရောက် အခြေစိုက်ဦးမှာ ဖြစ်ပါတယ်။
ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင် Realme ဟာ အမိမြေကို ဝင်ရောက်လာတဲ့အခါမှာ မျက်နှာပန်းလှအောင် စမတ်ဖုန်း ၂မျိူး သယ်ဆောင်လာမယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးပစ္စည်း Certification ဝက်ဆိုက်တစ်ခုဖြစ်တဲ့ TENAA မှာ Realme စမတ်ဖုန်း ၂မျိူး ပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။
မော်ဒယ်နံပါတ် RMX1901 နဲ့ RMX1851 အမည်ရှိ Realme စမတ်ဖုန်း ၂မျိူးဟာ TENAA ကနေ တစ်ဆင့် ပေါ်ထွက်လာခဲ့ပါတယ်။ RMX1901 မော်ဒယ်နဲ့ ပတ်သက်ပြီး TENAA မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရဆိုရင် အဆိုပါ စမတ်ဖုန်းဟာ Notch နဲ့ Hole တွေ မပါတဲ့ မျက်နှာပြည့် စမတ်ဖုန်း အမျိူးအစားဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Selfie အတွက် Pop-up Camera ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။
နောက်ကျောဘက်မှာတော့ Dual Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားတာသာ တွေ့ရပြီး Fingerprint Sensor ကို မတွေ့ရပါဘူး။ ဒါ့ကြောင့် အဆိုပါ စမတ်ဖုန်းဟာ In-display Fingerprint Sensor နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Display အပိုင်းအတွက် ၆.၅လက်မအရွယ်ရှိ Display ကို အသုံးပြုထားနိုင်ပြီး 3680mAh ဘက်ထရီကို ထည့်သွင်းထားနိုင်ပါတယ်။
RMX1851 မော်ဒယ်ကတော့ မကြာသေးခင်က မိတ်ဆက်သွားတဲ့ Realme 3 Pro နဲ့ တော်တော်လေး ဆင်တူနေတာ တွေ့ရပါတယ်။ Realme 3 Pro ဟာ 6.3” IPS LCD FHD+ Display , Gorilla Glass 5, Snapdragon 710 SoC , 16MP+5MP Dual Camera တွေနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်တာကြောင့် အဆိုပါ Specifications တွေနဲ့ ဆင်တူတဲ့ စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ တခြားနာမည်နဲ့ မိတ်ဆက်လာနိုင်ပါတယ်။
Ref : Gizmochina