မကြာခင်ကပဲ OnePlus ဟာ 24GB RAM ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို မကြာခင် ရောင်းချတော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ 24GB RAM ပါတဲ့ဖုန်းကို ရောင်းချမှာ OnePlus ကုမ္ပဏီ ၁ ခုထဲ မဟုတ်ဘူးလို့သတင်းထွက်လာပါတယ်။

File:Realme-realme- logo box-RGB-01.png - Wikimedia Commons

realme ကလည်း 24GB RAM ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ရောင်းချမှာ ဖြစ်ပါတယ်။ OnePlus နဲ့ realme တို့ဟာ အမွှာ ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် နည်းပညာတွေကို မျှဝေ အသုံးပြုကြတာ မဆန်းပါဘူး။

24GB RAM ဖုန်းတွေအကြောင်း သတင်းပေးသူကတော့ တရုတ် Tipster Digital Chat Station ဖြစ်ပါတယ်။ ဒါပေမယ့် သူက 24GB RAM ဟာ Virtual လား Physical လားဆိုတာ မပြောပါဘူး။ သူက OPlus (OPPO, OnePlus,  realme ) တို့ဟာ မန်မိုရီများစွာ ပါတဲ့ ဖုန်းတွေကို စတင် ထုတ်လုပ်နေပြီလို့ ပြောပါတယ်။ အဲဒီ ကုမ္ပဏီကနေ နောက်ထွက်မယ့် စွမ်းရည်မြင့် ဖုန်းတွေမှာ အနည်းဆုံး 16GB RAM နဲ့ အများဆုံး 24GB RAM ထည့်ထားမယ်လို့ သူက ပြောပါတယ်။

Upcoming Realme smartphones to come with a new logo | Mint

OnePlus Ace 2 Pro ဟာ 24GB RAM ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းလို့ သတင်းထွက်နေပါတယ်။ LPDDR5X Memory နဲ့ 1TB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အရင်သတင်းတွေအရ Ace 2 Pro ဟာ OPPO Reno 10 Pro Plus ရဲ့ စွမ်းရည်မြင့် မော်ဒယ် ဖြစ်မယ်လို့ သိရပါတယ်။ Specs အများစု တူညီကြမှာ ဖြစ်ပြီး Snapdragon 8 Plus Gen 1 SoC အစား Snapdragon 8 Gen 2 Chip ကို Ace 2 Pro မှာ တပ်ဆင်ထားမှာပါ။

Ref : gizmochina