realme ဟာ ယခုအချိန်မှာ India နိုင်ငံအတွက် Narzo 20 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 11 OS ကို အခြေခံထားတဲ့ reame UI 2.0 အသစ်ကိုပါ Update အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ realme UI 2.0 ဟာ OPPO ရဲ့ Android 11-based ColorOS 11 နဲ့ UI ပိုင်း၊ Feature ပိုင်းတွေ ဆင်တူမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း realme ရဲ့ ကိုယ်ပိုင် Theme Design တွေနဲ့ Feature တွေလည်းပါဝင်မယ်လို့ သိရပါတယ်။ OPPO ColorOS 11 လိုမျိုးပဲ realme UI 2.0 က ယခင်ကထက်ပိုရှင်းလင်းပြီးတော့ Stock Android ပုံစံဖြစ်နေမှာပါ။

realme ကတော့ အဆိုပါ realme UI 2.0 ကို ဘယ်စမတ်ဖုန်းတွေအနေနဲ့ ဘယ်အချိန်မှာ Update ရရှိမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် realme X50 Pro ဖုန်းအတွက် “Early Access” Closed Beta ကို လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရရှိမှာဖြစ်ပြီး အောက်တိုဘာလကုန်မှာ Open Beta နဲ့ Stable Update ကိုတော့ လာမယ့် နိုဝင်ဘာလမှ ရရှိသွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် တခြားသော realme စမတ်ဖုန်းတွေအနေနဲ့ကတော့ realme X50 Pro ဖုန်းရရှိပြီးမှပဲ နှစ်ကုန်ပိုင်းမှ Update ရရှိလာဖွယ်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် realme ဟာ OPPO ရဲ့ ColorOS ကနေ ကွဲထွက်ပြီးတော့ realme UI ဆိုပြီး ပြောင်းလဲခဲ့ပေမယ့် အခုအချိန်အထိတော့ နာမည်ပြောင်းလဲသွားတာကလွဲပြီး သိသာတဲ့ကိုယ်ပိုင် Feature နဲ့ Design တွေမရှိသေးဘူးလို့ပဲ ပြောရမှာပါ။

Ref – Gizmo China