realme က “Leap To Next Gen” AIoT ပွဲမှာ ထုတ်ကုန် အသစ်များစွာကို ကြေညာခဲ့ပြီး အဲဒီထဲမှာ Active Nosie Cancellation (ANC) ပါတဲ့ Buds Air Pro ပါလာပါတယ်။ realme ဟာ Buds Air , Buds Air Neo နဲ့ Buds Q စတဲ့ TWS နားကြပ် ၃ ခုကို ကြေညာထားပြီးပြီဖြစ်ပေမယ့် Buds Air Pro ကတော့ ANC ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး TWS နားကြပ် အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

realme က Buds Air Pro ရဲ့ Noise Cancellation ဟာ FeedBack Microphone နဲ့ FeedForward Microphone ကို သုံးပြီး 35dB အထိ ထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို ဖျောက်ပေးတာကတော့ ဖုန်း ပြောရင် ၊ သီချင်း နားထောင်ရင် အရမ်း မိုက်ပါတယ်။ ဒါပေမယ့် ကားဟွန်းတီးသံကို မကြားရရင်တော့ ပြဿနာ တက်နိုင်ပါတယ်။ အဲဒီအတွက် Buds Air Pro မှာ ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်တဲ့ Transparency Mode ထည့်ပေးထားပါတယ်။ ဖုန်းပြောရင် ၊ သီချင်းနားထောင်ရင်တော့ Environmental Noise Cancellation (ENC) က ပတ်ဝန်းကျင်က အသံတွေကို ဖျောက်ပေးမှာပါ။

realme Buds Air Pro မှာ Custom 28mm S1 Chip ပါလာပြီး Latency က 94ms ပဲရှိအောင် ဖန်တီးပေးတဲ့ Game Mode ထည့်ထားပါတယ်။ နားကြပ် ၁ ခုစီမှာ 10mm Bass Boost Driver ပါလာပြီး အလေးချိန်က ၅ ဂရမ်ပဲ ရှိပါတယ်။ နားကြပ်တွေမှာ ပါတဲ့ ဘက်ထရီ ပမာဏကို မသိရသေးပေမယ့် Charging Case မှာ 486mAh ဘက်ထရီ ပါပါတယ်။ realme က ANC ပိတ်ထားရင် သီချင်းတွေ ၂၅ နာရီကြာ နားထောင်လို့ရတယ်လို့ ပြောပါတယ်။ ANC ဖွင့်ထားရင်တော့ ၅ နာရီလောက်ပဲ ရပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၃ နာရီကြာ သီချင်း နားထောင်နိုင်ပြီး အားအပြည့်သွင်းဖို့ ၁ နာရီ ကြာပါတယ်။

တခြား TWS နားကြပ်တွေလိုပဲ Buds Air Pro မှာ Touch Controls နဲ့ Voice Commands တွေ ပါပါတယ်။ Buds Air Series ထဲမှာ ပထမဆုံး အနေနဲ့ ဆီလီကွန် ထိပ်ဖူးတွေ ထည့်သွင်းထားပါတယ်။ တခြား လုပ်ဆောင်ချက်တွေ အနေနဲ့ Smart Wear Detection , Bluetooth 5.0 , Google Fast Pari , IPX4 Water Resistance နဲ့ Bass Boost+ တွေ ပါလာပါတယ်။ Rock Black နဲ့ Soul White ၂ ရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ၁၆ ရက်နေ့ ၄,၉၉၉ ရူပီးနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၈ သောင်း ၈ ထောင်လောက် ကျသင့်မှာပါ။

Ref : gsmarena