Realme V5 ကို လာမယ့်သြဂုတ်လ ၃ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ Tmall က ကြေညာထားပါတယ်။ ဈေးကွက်ထဲရောက်ဖို့ နီးကပ်လာတဲ့အချိန်မှာ Realme V5 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကလည်း ဆက်တိုက်ဆိုသလို ပေါက်ကြားထွက်ပေါ်လာခဲ့တာ ကုန်သလောက်ဖြစ်နေပါပြီ။

Tmall မှာတွေ့ခဲ့ကြရတယ်ဆိုပေမယ့် ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်ကို မသိခဲ့ရသလို ဈေးနှုန်းကိုလည်း မသိခဲ့ကြရပါဘူး။ ပြီးခဲ့တဲ့ရက်က Hands-on ဓါတ်ပုံတွေပေါက်ကြားလာခဲ့တော့လည်း ကင်မရာအရေအတွက်၊ ဒီဇိုင်းအနေအထားနဲ့ အားသွင်းစနစ် စတာတွေပဲ သိခဲ့ကြရတာပါ။

ဒီနေ့ပေါက်ကြားမှုမှာတော့ Realme V5 ရဲ့ ဈေးနှုန်းကို သိလိုက်ရပြီ ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို CNY1,699, ($245/€205) ၃ သိန်း ၃ သောင်းခွဲ ဝန်းကျင် တန်ဖိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့အတူ တွဲပြီးတွေ့ရတာက 6GB+128GB ဆိုတဲ့ မန်မိုရီနဲ့ သိုလှောင်မှုပမာဏဖြစ်ပါတယ်။ Realme V5 မှာ အခြားရွေးချယ်စရာ အမျိုးအစား ရှိသေးလား၊ မရှိဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပေါက်ကြားထားတဲ့ဓါတ်ပုံမှာ 5,000mAh ဘက်ထရီတပ်ဆင်ပေးထားကြောင်း ပါဝင်ပေမယ့် အားသွင်းစနစ်အကြောင်းတော့ မပါဝင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်က ပေါက်ကြားခဲ့တဲ့ Hands-on ဓါတ်ပုံအရဆိုရင် 30W Dart Charge ပါဝင်မယ်လို့ ပြောနိုင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးကတော့ 48MP+8MP+2MP+2MP တို့ဖြစ်ပြီး အရှေ့ဘက်မှာတော့16MP Selfie ကင်မရာ ဖြစ်တယ်လို့ သတင်းထွက်ထားပါတယ်။ အသုံးပြုထားတဲ့ Chipset က Dimensity 720 ဖြစ်ပါတယ်။

Ref: GSM Arena