realme ဟာ စမတ်နာရီ အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒါက realme Watch 3 ဖြစ်ပြီး မကြာခင်မှာ ကြေညာနိုင်ပါတယ်။ အခုတော့ အဲဒီစမတ်နာရီကို FCC မှာ မှတ်ပုံတင်ထားတာကို တွေ့လာရပါတယ်။

Realme C35, TechLife Watch S100, and TechLife Buds N100 launching in India next week | 91mobiles.com

MySmartPrice က realme Watch 3 ကို FCC မှာ တွေ့လာရပြီ ဖြစ်ပြီး မကြာခင် ကြေညာနိုင်တယ်လို့ သတင်းပေးလာပါတယ်။ realme ဟာ နောက်ဆုံး စမတ်နာရီ ကြေညာထားတာ ၁ နှစ်လောက်ရှိပြီ ဖြစ်တဲ့အတွက် စမတ်နာရီ အသစ် ၁ လုံးမိတ်ဆက်ဖို့ အချိန် သိပ်မလိုတော့ပါဘူး။ FCC က ဒေတာဘေ့စ်အရ အဲဒီ စမတ်နာရီရဲ့ မော်ဒယ်နံပါတ်ဟာ RMW2108 ဖြစ်ပြီး ထောင့်စွန်းတွေ ကွေးညွှတ်တဲ့ လေးထောင့် မျက်နှာပြင် ပါလာမှာပါ။

Realme

realme Watch 3 ရဲ့ ဘက်ထရီဟာ အရင်မျိုးဆက်ထက် အနည်းငယ် ကြီးမားမှာ ဖြစ်ပါတယ်။ FCC က ဒေတာအရ realme Watch 3 မှာ 340mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်ရဲ့ 310mAh ဘက်ထရီထက် ပိုမိုကြီးမားလာမှာပါ။ အဲဒီအတွက် realme Watch 3 ရဲ့ ဘက်ထရီ သက်တမ်းဟာ ပိုမို ကောင်းလာမှာ သေချာပါတယ်။

realme Watch 3 ကို BIS မှာလည်း မှတ်ပုံတင်ထားတဲ့အတွက် အိန္ဒိယမှာလည်း ရောင်းချမှာ ဖြစ်ပါတယ်။ ဒါ့အပြင် IMDA နဲ့ SIRIM Malaysia တို့ရဲ့ Certification Website တွေမှာလည်း တွေ့ထားပါတယ်။ realme Watch 3 ရဲ့ သတင်းအချက်အလက်တွေ မကြာခင်မှာ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။

Ref : gizmochina