Unicode
Realme ဟာ OPPO ကနေ ခွဲထွက်လာပြီး သီးသန့်အနေနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လာတာ မကြာသေးပေမယ့် အခုအချိန်မှာ Mid Range ဖုန်းစျေးကွက်မှာ နေရာအတော်အသင့်ရယူထားနိုင်ပြီလို့ ပြောလို့ရပါတယ်။ အခုလည်း Realme ရဲ့ CEO နဲ့ Founder ဖြစ်တဲ့ Li Bingzhong Sky ကနေ စိတ်ဝင်စားစရာသတင်းတစ်ခုကို Weibo မှာ ကြေညာလိုက်ပါတယ်။
အဲ့ဒါကတော့ Realme ဟာ လာမယ့် ၂၀၂၀ မှာ တရုတ်နိုင်ငံအတွက် မိတ်ဆက်ရောင်းချမယ့် စမတ်ဖုန်းတွေအားလုံးက 5G ကို အသုံးပြုနိုင်မယ်လို့ ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Realme အတွက် 4G စမတ်ဖုန်းတွေထုတ်လုပ်နေတာက ဒီနှစ်နောက်ဆုံးဖြစ်သွားပါပြီ။
ဒါတင်မဟုတ်သေးဘဲ အခု Realme ကနေ မိတ်ဆက်ရောင်းချသွားမယ့် 5G စမတ်ဖုန်းတွေဟာ High End Flagship ဖုန်းတွေပဲဖြစ်နေမှာမဟုတ်ဘဲ Mid Range ဖုန်းတွေလည်း ပါဝင်မှာဖြစ်ပြီး မြန်မာငွေကျပ် ၂ သိန်းကျော်ဝန်းကျင်လောက်ပဲကျသင့်မယ့် တရုတ်ယွမ်ငွေ ၁,၀၀၀ ဝန်းကျင် Budget ဖုန်းတွေအထိပါဝင်မယ်လို့လည်း ထပ်လောင်းပြောကြားလိုက်ပါသေးတယ်။
ဒီလိုမျိုး ပြောကြားလိုက်တာက နောက်နှစ်မှာ 5G စမတ်ဖုန်းတွေကို အမြောက်အများထုတ်လုပ်ဖို့အဆင်သင့်မဖြစ်သေးတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ထိတ်လန့်စရာဖြစ်သလို အသုံးပြုသူတွေအတွက်ကတော့ နောက်နှစ်မှာ 5G ဖုန်းကို ရွေးချယ်စရာပိုများပြားလာတေ့ာမှာပါ။
Realme ရဲ့ ပထမဆုံးသော 5G စမတ်ဖုန်းတွေဟာ Realme X50 နဲ့ X50 Youth Edition ဖုန်းတွေဖြစ်လာမှာဖြစ်ပြီးတော့ မကြာခင်မှာ တရားဝင်မိတ်ဆက်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ Realme ဟာ နောက်ပိုင်းမှာလည်း OPPO ဆီကနေ ခွဲထွက်ပြီး လုံးဝသီးသန့်ကုမ္ပဏီတစ်ခုအနေနဲ့ ရပ်တည်သွားဖို့လည်းရှိတေ့ာ ပိုပြီး အောင်မြင်လာဖို့များနေပါပြီ။
Ref – Gizmo China
Zawgyi
ဒီလိုမျိုး ပြောကြားလိုက်တာက နောက်နှစ်မှာ 5G စမတ်ဖုန်းတွေကို အမြောက်အများထုတ်လုပ်ဖို့အဆင်သင့်မဖြစ်သေးတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ထိတ်လန့်စရာဖြစ်သလို အသုံးပြုသူတွေအတွက်ကတော့ နောက်နှစ်မှာ 5G ဖုန်းကို ရွေးချယ်စရာပိုများပြားလာတော့မှာပါ။
Ref – Gizmo China