[Zawgyi]

Realme ရဲ႕ Chief Marketing Officer က Realme X2 Pro ရဲ႕ သတင္းအခ်က္အလက္ေတြကို အရိပ္အျမြက္ ေျပာၾကားေနပါတယ္။ အဲဒီ ဖုန္းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ပါတယ္။ အခုေတာ့ Realme ရဲ႕ ေနာက္ထပ္ အရာရွိ တစ္ဦး ျဖစ္တဲ့ Chief Product Officer က အဲဒီ ဖုန္းရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ၁ ခုကို မွ်ေ၀လိုက္ျပန္ပါတယ္။ အဲဒါကေတာ့ 90Hz Display ျဖစ္ၿပီး 60Hz နဲ႔ 90Hz ၾကားမွာ ေျပာင္းလဲသံုးႏိုင္မွာပါ။ ဂိမ္းကစားတဲ့ အခါမွာ ၊ ဖုန္းကို ထိေတြ႕သံုးတဲ့ အခါမွာ အရမ္းကို ေခ်ာမြတ္ျမန္ဆန္ေနမွာပါ။

မၾကာခင္က ေၾကညာခဲ့တဲ့ OnePlus 7T ရဲ႕ အလန္းဆံုး လုပ္ေဆာင္ခ်က္ကလည္း 90Hz Display ျဖစ္ပါတယ္။ Realme ရဲ႕ အရာရွိက အရင္ကလည္း ဒီလုပ္ေဆာင္ခ်က္ ပါမယ္လို႔ ေျပာထားၿပီး OnePlus 7T ထက္ ေစ်းသက္သာမယ္လို႔ အတည္ျပဳထားပါတယ္။ စိတ္၀င္စားစရာ ေကာင္းတာက OnePlus နဲ႔ Realme တို႔ဟာ BBK Electronics က ပိုင္တဲ့ အမႊာ ကုမၸဏီေတြ ျဖစ္ပါတယ္။ OnePlus ကေတာ့ ေစ်းသက္သာတဲ့ Flagship Models ေတြေၾကာင့္ နာမည္ႀကီးပါတယ္။

Realme X2 Pro ရဲ႕ Specs အျပည့္အစံုကို မသိရေသးပါဘူး။ ဒါေပမယ့္ မၾကာခင္က Bluetooth SIG မွာ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ ၆.၅၅ လက္မ Full HD Display ပါလာႏုိင္ပါတယ္။ Bluetooth 5.0 နဲ႔ Dual-band WiFi ဆက္သြယ္မႈေတြ ပါလာမွာပါ။ ColorOS 6.0 ေမာင္းႏွင္ထားႏုိင္ပါတယ္။ Realme X2 မွာလို 64MP Main Camera နဲ႔ 32MP Selfie Camera ေတြ ပါလာႏုိင္ပါတယ္။ မၾကာခင္က Bureau of Indian Standards (BIS) ရဲ႕ ခြင့္ျပဳခ်က္ရထားတဲ့ အတြက္ အိႏၵိယမွာလည္း ေရာင္းခ်ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

90Hz Display ပါလာမယ့် Realme X2 Pro

Realme ရဲ့ Chief Marketing Officer က Realme X2 Pro ရဲ့ သတင်းအချက်အလက်တွေကို အရိပ်အမြွက် ပြောကြားနေပါတယ်။ အဲဒီ ဖုန်းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ အခုတော့ Realme ရဲ့ နောက်ထပ် အရာရှိ တစ်ဦး ဖြစ်တဲ့ Chief Product Officer က အဲဒီ ဖုန်းရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ၁ ခုကို မျှဝေလိုက်ပြန်ပါတယ်။ အဲဒါကတော့ 90Hz Display ဖြစ်ပြီး 60Hz နဲ့ 90Hz ကြားမှာ ပြောင်းလဲသုံးနိုင်မှာပါ။ ဂိမ်းကစားတဲ့ အခါမှာ ၊ ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ အရမ်းကို ချောမွတ်မြန်ဆန်နေမှာပါ။

မကြာခင်က ကြေညာခဲ့တဲ့ OnePlus 7T ရဲ့ အလန်းဆုံး လုပ်ဆောင်ချက်ကလည်း 90Hz Display ဖြစ်ပါတယ်။ Realme ရဲ့ အရာရှိက အရင်ကလည်း ဒီလုပ်ဆောင်ချက် ပါမယ်လို့ ပြောထားပြီး OnePlus 7T ထက် ဈေးသက်သာမယ်လို့ အတည်ပြုထားပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက OnePlus နဲ့ Realme တို့ဟာ BBK Electronics က ပိုင်တဲ့ အမွှာ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ OnePlus ကတော့ ဈေးသက်သာတဲ့ Flagship Models တွေကြောင့် နာမည်ကြီးပါတယ်။

Realme X2 Pro ရဲ့ Specs အပြည့်အစုံကို မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်က Bluetooth SIG မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ ၆.၅၅ လက်မ Full HD Display ပါလာနိုင်ပါတယ်။ Bluetooth 5.0 နဲ့ Dual-band WiFi ဆက်သွယ်မှုတွေ ပါလာမှာပါ။ ColorOS 6.0 မောင်းနှင်ထားနိုင်ပါတယ်။ Realme X2 မှာလို 64MP Main Camera နဲ့ 32MP Selfie Camera တွေ ပါလာနိုင်ပါတယ်။ မကြာခင်က Bureau of Indian Standards (BIS) ရဲ့ ခွင့်ပြုချက်ရထားတဲ့ အတွက် အိန္ဒိယမှာလည်း ရောင်းချနိုင်ပါတယ်။

Ref : gizmochina