[Zawgyi]

Realme က ဒီလ ၁၅ ရက္ေန႔မွာ X2 Pro ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ ဖုန္းမွာ Snapdragon 855+ နဲ႔ 90Hz Display ပါမယ္လို႔ ကုမၸဏီက ေျပာထားၿပီးပါၿပီ။ အခုေတာ့ 135Hz Touch Sampling Rate ပါမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ Display ရဲ႕ တုန္႔ျပန္မႈက ပိုျမန္လာၿပီး ထိေတြ႕သံုးရင္လည္း ပိုတိက်လာမွာပါ။ Display ရဲ႕ ေအာက္မွာ အရမ္းျမန္တဲ့ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားမွာ ျဖစ္ၿပီး ၀.၂၃ စကၠန္႔အတြင္းမွာ ဖုန္းကို Unlock လုပ္ေပးႏုိင္တယ္လို႔လည္း ကုမၸဏီက သတင္းေပးလိုက္ပါတယ္။

ဒီလို အရမ္းလန္းတဲ့ Touch Refresh Rate နဲ႔ဆိုရင္ ဂိမ္းကစားရတာ အရမ္းကို ပိုမိုက္သြားေတာ့မွာ ျဖစ္ပါတယ္။ Display ကို ထိေတြ႕ကစားတဲ့အခါမွာ ေခ်ာမြတ္ျမန္ဆန္ေနမွာ ေသခ်ာပါတယ္။ ေသနတ္ပစ္ ဂိမ္းေတြနဲ႔ Steering Wheel Option ကို ေရြးမယ္ဆိုရင္ ၿပိဳင္ကား ဂိမ္းေတြ ကစားလို႔ အရမ္းေကာင္းမွာပါ။

လက္ေဗြရာ အာရံုခံ ကိရိယာ ပိုေကာင္းလာတာကလည္း ၀မ္းသာစရာ ျဖစ္ပါတယ္။ တတိယ မ်ိဳးဆက္ ဆန္ဆာ ျဖစ္ၿပီး ပထမမ်ိဳးဆက္ Realme X နဲ႔ ေနာက္မ်ိဳးဆက္ေတြ ျဖစ္တဲ့ Realme X2 , Realme XT တို႔ထက္ ပိုေကာင္းလာပါတယ္။ တကယ္ေတာ့ အဲဒီ ဖုန္းေတြမွာ Chipsets သာ ကြဲျပားၾကတာ ျဖစ္ပါတယ္။

မၾကာခင္ကလည္း ကုမၸဏီက တြစ္တာမွာ ဗီဒီယို ၁ ခု တင္လိုက္ၿပီး X2 Pro မွာ Dolby Atmos နဲ႔ Hi-Res Audio Certification ေထာက္ပံ့တဲ့ Dual Stereo Speakers ေတြ ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ လက္ရွိ Realme X Series ေတြမွာ Dolby Atmos ပါေပမယ့္ Earphones တပ္လိုက္မွသာ Enable ျဖစ္သြားတာပါ။ X2 Pro မွာေတာ့ Speakers ေတြကေန အလန္းစား အသံအရည္အေသြးကို ခံစားႏုိင္မွာ ျဖစ္ပါတယ္။ ကုမၸဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ္ဆိုတာကိုလည္း သတင္းေပးထားပါတယ္။ ကင္မရာ ဒီဇိုင္းကို ဆန္းသစ္ထားမွာ ျဖစ္ၿပီး အလယ္ဗဟိုမွာ ေနရာခ်ထားမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

135 Hz Sampling Rate ပါလာမယ့် Realme X2 Pro

Realme က ဒီလ ၁၅ ရက်နေ့မှာ X2 Pro ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 855+ နဲ့ 90Hz Display ပါမယ်လို့ ကုမ္ပဏီက ပြောထားပြီးပါပြီ။ အခုတော့ 135Hz Touch Sampling Rate ပါမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ Display ရဲ့ တုန့်ပြန်မှုက ပိုမြန်လာပြီး ထိတွေ့သုံးရင်လည်း ပိုတိကျလာမှာပါ။ Display ရဲ့ အောက်မှာ အရမ်းမြန်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး ဝ.၂၃ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တယ်လို့လည်း ကုမ္ပဏီက သတင်းပေးလိုက်ပါတယ်။

ဒီလို အရမ်းလန်းတဲ့ Touch Refresh Rate နဲ့ဆိုရင် ဂိမ်းကစားရတာ အရမ်းကို ပိုမိုက်သွားတော့မှာ ဖြစ်ပါတယ်။ Display ကို ထိတွေ့ကစားတဲ့အခါမှာ ချောမွတ်မြန်ဆန်နေမှာ သေချာပါတယ်။ သေနတ်ပစ် ဂိမ်းတွေနဲ့ Steering Wheel Option ကို ရွေးမယ်ဆိုရင် ပြိုင်ကား ဂိမ်းတွေ ကစားလို့ အရမ်းကောင်းမှာပါ။

လက်ဗွေရာ အာရုံခံ ကိရိယာ ပိုကောင်းလာတာကလည်း ဝမ်းသားစရာ ဖြစ်ပါတယ်။ တတိယ မျိုးဆက် ဆန်ဆာ ဖြစ်ပြီး ပထမမျိုးဆက် Realme X နဲ့ နောက်မျိုးဆက်တွေ ဖြစ်တဲ့ Realme X2 , Realme XT တို့ထက် ပိုကောင်းလာပါတယ်။ တကယ်တော့ အဲဒီ ဖုန်းတွေမှာ Chipsets သာ ကွဲပြားကြတာ ဖြစ်ပါတယ်။

မကြာခင်ကလည်း ကုမ္ပဏီက တွစ်တာမှာ ဗီဒီယို ၁ ခု တင်လိုက်ပြီး X2 Pro မှာ Dolby Atmos နဲ့ Hi-Res Audio Certification ထောက်ပံ့တဲ့ Dual Stereo Speakers တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ Realme X Series တွေမှာ Dolby Atmos ပါပေမယ့် Earphones တပ်လိုက်မှသာ Enable ဖြစ်သွားတာပါ။ X2 Pro မှာတော့ Speakers တွေကနေ အလန်းစား အသံအရည်အသွေးကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ်ဆိုတာကိုလည်း သတင်းပေးထားပါတယ်။ ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး အလယ်ဗဟိုမှာ နေရာချထားမှာ ဖြစ်ပါတယ်။

Ref : gsmarena