[Zawgyi]

အေနာက္ကင္မရာ ၄ လံုး ပါတဲ့ Realme 5, 5 Pro , XT နဲ႔ X2 ေတြကို ကုမၸဏီက မိတ္ဆက္ၿပီးပါၿပီ။ အဲဒီ စမတ္ဖုန္းေတြမွာ အေနာက္ကင္မရာေတြကို ဘယ္ဘက္ထိပ္မွာ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ထုတ္မယ့္ X2 Pro မွာေတာ့ ကင္မရာ ဒီဇိုင္းကို ဆန္းသစ္ထားမွာ ျဖစ္ၿပီး အလယ္ဗဟိုမွာ ေနရာခ်ထားမွာ ျဖစ္ပါတယ္။

Realme က သူ႔ရဲ႕ ဥေရာပ ၀က္ဘ္ဆိုက္ကေန ဒီသတင္းကို အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ကုမၸဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ္ဆိုတာ ထပ္ေထာင္း သတင္းေပးလိုက္ပါတယ္။

အဲဒီ ဖုန္းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ပါတယ္။ မၾကာခင္ကလည္း Realme ရဲ႕ ေနာက္ထပ္ အရာရွိ တစ္ဦး ျဖစ္တဲ့ Chief Product Officer က အဲဒီ ဖုန္းရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ၁ ခုကို မွ်ေ၀ခဲ့ပါတယ္။ အဲဒါကေတာ့ 90Hz Display ျဖစ္ၿပီး 60Hz နဲ႔ 90Hz ၾကားမွာ ေျပာင္းလဲသံုးႏိုင္မွာပါ။ ဂိမ္းကစားတဲ့ အခါမွာ ၊ ဖုန္းကို ထိေတြ႕သံုးတဲ့ အခါမွာ အရမ္းကို ေခ်ာမြတ္ျမန္ဆန္ေနမွာပါ။ AMOLED Display အမ်ိဳးအစား ျဖစ္ႏုိင္ပါတယ္။ လက္ရွိ ဖုန္းေတြထဲမွာ အျမန္ဆံုးျဖစ္တဲ့ 50W Charging ပါလာႏိုင္ပါတယ္။

Realme X2 Pro ရဲ႕ Specs အျပည့္အစံုကို မသိရေသးပါဘူး။ ဒါေပမယ့္ မၾကာခင္က Bluetooth SIG မွာ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ ၆.၅၅ လက္မ Full HD Display ပါလာႏုိင္ပါတယ္။ Bluetooth 5.0 နဲ႔ Dual-band WiFi ဆက္သြယ္မႈေတြ ပါလာမွာပါ။ ColorOS 6.0 ေမာင္းႏွင္ထားႏုိင္ပါတယ္။ Realme X2 မွာလို 32MP Selfie Camera  ပါလာႏုိင္ပါတယ္။ မၾကာခင္က Bureau of Indian Standards (BIS) ရဲ႕ ခြင့္ျပဳခ်က္ရထားတဲ့ အတြက္ အိႏၵိယမွာလည္း ေရာင္းခ်ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Realme X2 Pro ရဲ့ 64MP Quad Camera ကို အလယ်မှာ ထားရှိမည်

အနောက်ကင်မရာ ၄ လုံး ပါတဲ့ Realme 5, 5 Pro , XT နဲ့ X2 တွေကို ကုမ္ပဏီက မိတ်ဆက်ပြီးပါပြီ။ အဲဒီ စမတ်ဖုန်းတွေမှာ အနောက်ကင်မရာတွေကို ဘယ်ဘက်ထိပ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထုတ်မယ့် X2 Pro မှာတော့ ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး အလယ်ဗဟိုမှာ နေရာချထားမှာ ဖြစ်ပါတယ်။

Realme က သူ့ရဲ့ ဥရောပ ဝက်ဘ်ဆိုက်ကနေ ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ်ဆိုတာ ထပ်ထောင်း သတင်းပေးလိုက်ပါတယ်။

အဲဒီ ဖုန်းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ မကြာခင်ကလည်း Realme ရဲ့ နောက်ထပ် အရာရှိ တစ်ဦး ဖြစ်တဲ့ Chief Product Officer က အဲဒီ ဖုန်းရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ၁ ခုကို မျှဝေခဲ့ပါတယ်။ အဲဒါကတော့ 90Hz Display ဖြစ်ပြီး 60Hz နဲ့ 90Hz ကြားမှာ ပြောင်းလဲသုံးနိုင်မှာပါ။ ဂိမ်းကစားတဲ့ အခါမှာ ၊ ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ အရမ်းကို ချောမွတ်မြန်ဆန်နေမှာပါ။ AMOLED Display အမျိုးအစား ဖြစ်နိုင်ပါတယ်။ လက်ရှိ ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ 50W Charging ပါလာနိုင်ပါတယ်။

Realme X2 Pro ရဲ့ Specs အပြည့်အစုံကို မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်က Bluetooth SIG မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ ၆.၅၅ လက်မ Full HD Display ပါလာနိုင်ပါတယ်။ Bluetooth 5.0 နဲ့ Dual-band WiFi ဆက်သွယ်မှုတွေ ပါလာမှာပါ။ ColorOS 6.0 မောင်းနှင်ထားနိုင်ပါတယ်။ Realme X2 မှာလို 32MP Selfie Camera ပါလာနိုင်ပါတယ်။ မကြာခင်က Bureau of Indian Standards (BIS) ရဲ့ ခွင့်ပြုချက်ရထားတဲ့ အတွက် အိန္ဒိယမှာလည်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena