realme X3 Pro ရဲ့ သတင်းတွေ ထွက်ပေါ်လာနေပြီ ဖြစ်ပေမယ့် ကုမ္ပဏီက ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒီနှစ် အစောပိုင်းက TENAA မှာ မော်ဒယ်နံပါတ် RMX2121 ပါတဲ့ Device ၁ လုံးကို တွေ့ခဲ့ပြီး Leaksters တွေက အဲဒီ ဖုန်းဟာ realme X3 Pro လို့ ပြောပါတယ်။ အခုတော့  RMX2083 မော်ဒယ်နံပါတ် ပါတဲ့ ဖုန်း အသစ် ၁ လုံးကို Geekbench မှာတွေ့လာရပြီ ဖြစ်ပြီး Snapdragon 855+ Chipset ထည့်သွင်းထားပါတယ်။ အဲဒီ ဖုန်းဟာလည်း realme X3 Pro ဖြစ်လာနိုင်ပါတယ်။

realme X3 နဲ့ X3 Superzoom တို့မှာ Snapdragon 855+ ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် realme  X3 Pro မှာ အဲဒီ Chipset ကိုပဲ ထည့်ထားတာစဉ်းစားစရာပါ။ တတိယ မော်ဒယ်နံပါတ် RMX2170 ဟာလည်း realme X3 Pro ဖြစ်တယ်လို့ ပြောနေကြတဲ့အတွက် သတင်းအမျိုးမျိုး ထွက်နေတာပါ။

realme X3 မှာ ကောင်းမွန်တဲ့ Specs တချို့ ပါလာပြီး Superzoom ရဲ့ Telephoto ကင်မရာမှာ 5x Optical Zoom , 12GB RAM နဲ့ 32MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ realme X3 Pro ဟာ အဲဒီ စီးရီးထဲမှာ ဘုရင် ဖြစ်လာမှာ ဖြစ်ပြီး 65W Charging ထည့်သွင်းထားနိုင်ပါတယ်။ အရင်လက ကြေညာခဲ့တဲ့ 125W UltraDART တော့ မထည့်သွင်းပေးထားလောက်ပါဘူး။

Ref : gsmarena