[Zawgyi]

Realme က သူ႔ရဲ႕ ပထမဆံုး 5G စမတ္ဖုန္းကို ဖန္တီးေနတဲ့ သတင္းေတြ ၿပီးခဲ့တဲ့ လအနည္းငယ္က စတင္ထြက္ေပၚခဲ့ပါတယ္။ ကုမၸဏီက Qualcomm ရဲ႕ Dual-mode 5G Chipset ကို အေစာဆံုး သံုးမယ့္ ကုမၸဏီေတြထဲက ၁ ခု ျဖစ္မယ္လို႔ မၾကာခင္က အတည္ျပဳခဲ့ပါတယ္။ အခုတာ့ အဲဒီ ဖုန္းရဲ႕ အဓိက သတင္းအခ်က္အလက္ေတြကို Realme China CMO Xu Qi က ေျပာျပလိုက္တဲ့အတြက္ မၾကာခင္မွာ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။

သူက ကုမၸဏီရဲ႕ ပထမဆံုး 5G စမတ္ဖုန္းရဲ႕ နာမည္ဟာ Realme X50 5G ျဖစ္တယ္လို႔ အတည္ျပဳလိုက္ပါတယ္။ X50 5G ဟာ NSA နဲ႔ SA 5G Network ၂ ခုစလံုးကို ေထာက္ပံ့တယ္လို႔ ေျပာပါတယ္။ သူ မွ်ေ၀လိုက္တဲ့ Teaser Image မွာ အေရွ႕ ကင္မရာ ၂ လံုးပါတဲ့ Dual Punch-hole Display ပါတာကို ျမင္ရပါတယ္။ လာမယ့္လမွာ ေၾကညာမယ့္ Redmi K30 5G နဲ႔ တူေနပါတယ္။

X50 5G ရဲ႕ Specs ေတြကို လက္ရွိမွာ မသိရေသးပါဘူး။ အရင္ကသတင္းေတြအရ ကုမၸဏီက တရုတ္မွာ အဲဒီ ဖုန္းကို ဒီဇင္ဘာလေႏွာင္းပိုင္းမွာ ေၾကညာႏုိင္ပါတယ္။ Qualcomm က X50 5G မွာ ပါမယ့္ Dual-mode Flagship SoC ကို Snapdragon Tech Summit မွာ ဒီဇင္ဘာလ ၃ ရက္နဲ႔ ၅ ရက္အၾကားမွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ အဲဒီပြဲအၿပီး သိပ္မၾကာခင္မွာ Realme X50 5G ကို ခ်ျပႏုိင္ပါတယ္။

Qualcomm Snapdragon 735 ဟာ စြမ္းရည္သင့္ ဖုန္းေတြအတြက္ ဒီဇိုင္းထုတ္ထားတဲ့ ပထမဆံုး Dual-mode Chipset ျဖစ္ပါတယ္။ X50 5G မွာ အဲဒီ Chipset ပါလာႏုိင္ပါတယ္။ Realme က SD865 SoC ပါတဲ့ X50 Pro ကိုလည္း ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina

[Unicode]

Dual Punch-hole Display ပါတဲ့ Realme X50 5G ကို မကြာခင် ကြေညာနိုင်

Realme က သူ့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ဖန်တီးနေတဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ထွက်ပေါ်ခဲ့ပါတယ်။ ကုမ္ပဏီက Qualcomm ရဲ့ Dual-mode 5G Chipset ကို အစောဆုံး သုံးမယ့် ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်မယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ အခုတာ့ အဲဒီ ဖုန်းရဲ့ အဓိက သတင်းအချက်အလက်တွေကို Realme China CMO Xu Qi က ပြောပြလိုက်တဲ့အတွက် မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။

သူက ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းရဲ့ နာမည်ဟာ Realme X50 5G ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ X50 5G ဟာ NSA နဲ့ SA 5G Network ၂ ခုစလုံးကို ထောက်ပံ့တယ်လို့ ပြောပါတယ်။ သူ မျှဝေလိုက်တဲ့ Teaser Image မှာ အရှေ့ ကင်မရာ ၂ လုံးပါတဲ့ Dual Punch-hole Display ပါတာကို မြင်ရပါတယ်။ လာမယ့်လမှာ ကြေညာမယ့် Redmi K30 5G နဲ့ တူနေပါတယ်။

X50 5G ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပါဘူး။ အရင်ကသတင်းတွေအရ ကုမ္ပဏီက တရုတ်မှာ အဲဒီ ဖုန်းကို ဒီဇင်ဘာလနှောင်းပိုင်းမှာ ကြေညာနိုင်ပါတယ်။ Qualcomm က X50 5G မှာ ပါမယ့် Dual-mode Flagship SoC ကို Snapdragon Tech Summit မှာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၅ ရက်အကြားမှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲအပြီး သိပ်မကြာခင်မှာ Realme X50 5G ကို ချပြနိုင်ပါတယ်။

Qualcomm Snapdragon 735 ဟာ စွမ်းရည်သင့် ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ပထမဆုံး Dual-mode Chipset ဖြစ်ပါတယ်။ X50 5G မှာ အဲဒီ Chipset ပါလာနိုင်ပါတယ်။ Realme က SD865 SoC ပါတဲ့ X50 Pro ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina