Zawgyi

Realme ဟာ တရုတ္ျပည္တြင္းေစ်းကြက္မွာ Realme X50 5G စမတ္ဖုန္းသစ္ကို မိတ္ဆက္လာေတာ့မွာပါ။ ယေန႔ ထြက္ေပၚလာတဲ့သတင္းအရ X50 5G အျပင္ X50 Lite (Youth Edition) ကိုလည္း တစ္ပါတည္း မိတ္ဆက္လာမယ္လို႔ ဆုိပါတယ္။

Realme X50 5G စမတ္ဖုန္းဟာ Dual Punch-hole နဲ႔ 6.44” လက္မအရြယ္ AMOLED Display ကို အသုံးျပဳလာမွာျဖစ္ကာ 90Hz Refresh Rate နဲ႔လို႔ဆုိပါတယ္။ ေရွ႕ဘက္ Punch-hole ထဲမွာ 32MP + 8MP Dual-camera အတြဲကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဘက္မွာ 60MP အဓိက Sensor ဦးေဆာင္တဲ့ Quad-camera ပါဝင္လာမွာပါ။

အတြင္းမွာ Snapdragon 735 5G ခ်စ္ပ္ဆက္ကို သုံးစြဲလာမွာျဖစ္ၿပီး 4,500 mAh ဘကၳရီက VOOC 4.0 အားအျမန္သြင္းနည္းပညာသစ္ ေထာက္ပံ့ေပးမွာပါ။ ႀကိဳးမဲ့အားသြင္းစနစ္လည္းပါလာမယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ သတင္းထြက္ထားတာေတာ့ 6/128 GB, 8/128 GB နဲ႔ 8/256 GB ဆုိၿပီး မန္မုိရီအတြဲ သုံးမ်ဳိးျဖစ္ပါတယ္။

Realme X50 Lite ကလည္း 5G စမတ္ဖုန္းပဲျဖစ္ၿပီး သူ႕မွာေတာ့ 6.55” လက္မအရြယ္ IPS LCD Display တစ္ခု ပါဝင္မွာပါ။ Lite (Youth Edition) ဆုိတဲ့အတုိင္း မူရင္းထက္ အနည္းငယ္ဝိတ္ေလွ်ာ့ထားၿပီး 60Hz Refresh Rate နဲ႔ ျဖစ္ပါတယ္။ ေရွ႕ဘက္မွာလည္း Punch-hole တစ္ေပါက္ထဲပါဝင္လာမွာျဖစ္ကာ 32MP Selfie ကင္မရာကိုေတာ့ ဆက္လက္သုံးစြဲထားမွာပါ။ ေနာက္ဘက္မွာ 16MP ကင္မရာဦးေဆာင္တဲ့ Quad-camera ကိုေတြ႕ရမွာျဖစ္ပါတယ္။

Ref – Playful Droid

Unicode

Realme ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ Realme X50 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာပါ။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ X50 5G အပြင် X50 Lite (Youth Edition) ကိုလည်း တစ်ပါတည်း မိတ်ဆက်လာမယ်လို့ ဆိုပါတယ်။

Realme X50 5G စမတ်ဖုန်းဟာ Dual Punch-hole နဲ့ 6.44” လက်မအရွယ် AMOLED Display ကို အသုံးပြုလာမှာဖြစ်ကာ 90Hz Refresh Rate နဲ့လို့ဆိုပါတယ်။ ရှေ့ဘက် Punch-hole ထဲမှာ 32MP + 8MP Dual-camera အတွဲကို တွေ့ရမှာဖြစ်ပြီး နောက်ဘက်မှာ 60MP အဓိက Sensor ဦးဆောင်တဲ့ Quad-camera ပါဝင်လာမှာပါ။

အတွင်းမှာ Snapdragon 735 5G ချစ်ပ်ဆက်ကို သုံးစွဲလာမှာဖြစ်ပြီး 4,500 mAh ဘက္ထရီက VOOC 4.0 အားအမြန်သွင်းနည်းပညာသစ် ထောက်ပံ့ပေးမှာပါ။ ကြိုးမဲ့အားသွင်းစနစ်လည်းပါလာမယ်လို့ သိရပါတယ်။ လောလောဆယ် သတင်းထွက်ထားတာတော့ 6/128 GB, 8/128 GB နဲ့ 8/256 GB ဆိုပြီး မန်မိုရီအတွဲ သုံးမျိုးဖြစ်ပါတယ်။

Realme X50 Lite ကလည်း 5G စမတ်ဖုန်းပဲဖြစ်ပြီး သူ့မှာတော့ 6.55” လက်မအရွယ် IPS LCD Display တစ်ခု ပါဝင်မှာပါ။ Lite (Youth Edition) ဆိုတဲ့အတိုင်း မူရင်းထက် အနည်းငယ်ဝိတ်လျှော့ထားပြီး 60Hz Refresh Rate နဲ့ ဖြစ်ပါတယ်။ ရှေ့ဘက်မှာလည်း Punch-hole တစ်ပေါက်ထဲပါဝင်လာမှာဖြစ်ကာ 32MP Selfie ကင်မရာကိုတော့ ဆက်လက်သုံးစွဲထားမှာပါ။ နောက်ဘက်မှာ 16MP ကင်မရာဦးဆောင်တဲ့ Quad-camera ကိုတွေ့ရမှာဖြစ်ပါတယ်။

Ref – Playful Droid