Realme X50 Pro 5G ကို   ၂၄ ရက်နေ့မှာ ကြေညာမယ်လို့  အစောပိုင်းက အတည်ပြုထားပါတယ်။ MWC 2020 မှာ ကြေညာဖို့ စီစဉ်ထားပေမယ့် ပွဲပျက်သွားတဲ့အတွက် အွန်လိုင်းကနေပဲ မိတ်ဆက်တော့မှာပါ။ အခုတော့ Realme ရဲ့ ဒုတိယဥက္ကဌ Xu Qi Chase က အဲဒီဖုန်းမှာ Super AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အရင်သတင်းတွေအရ Full HD+ Resolution ဖြစ်ပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။

အဲဒီ ဖုန်းမှာ နောက်ဆုံးထုတ် Qualcomm Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Dual-mode 5G ပါတဲ့ Snapdragon X55 5G Modem ပါလာနိုင်ပါတယ်။ 12GB LPDDR5 RAM နဲ့ 256GB Storage ထည့်သွင်းထားနိုင်ပါတယ်။

ကုမ္ပဏီက X50 Pro 5G မှာ 65W SuperDart Charging နည်းပညာပါလာမယ်လို့ အတည်ပြုထားပြီး အရင်နှစ်ထုတ် Reno Ace Model မှာ သုံးထားတဲ့ SuperVOOC 2.0 Charging နည်းပညာ ဖြစ်နိုင်ပါတယ်။  Realme X50 Pro 5G မှာ Home Wireless Networks တွေထဲမှာ နောက်ဆုံးထုတ် စံနှုန်းဖြစ်တဲ့ WiFi 6 ပါလာမယ်လို့ ကုမ္ပဏီက သတင်းပေးထားပါတယ်။

Ref : gizmochina