Realme က ဇန်နဝါရီလမှာ X50 5G နဲ့ ဖေဖော်ဝါရီလမှာ Pro Version ကို ကြေညာခဲ့ပါတယ်။ Realme က X50 Youth Edition ကို မကြာခင် မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ တရုတ်က နာမည်ကျော် Tipster ၁ ယောက်က စုစုပေါင်း ကင်မရာ ၆ လုံးပါမယ်လို့ သတင်းပေးလိုက်ပြီး အနောက်ဘက်မှာ ၄ လုံးနဲ့ အရှေ့ဘက်မှာ ၂ လုံး ပါလာမှာပါ။ X50 နဲ့ Pro မော်ဒယ်တို့ရဲ့ ကင်မရာ အရေအတွက်နဲ့ တူသွားမှာပါ။

X50 Youth ရဲ့ ကင်မရာတွေကတော့ ကွဲပြားမှာပါ။ X50  ရဲ့ အရှေ့ဘက်မှာ 16MP Wide နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 64MP Main , 12MP Telephoto , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ X50 Youth မှာတော့ အရှေ့ဘက် 8MP Ultrawide အစား 2MP Depth ကင်မရာ သုံးထားပြီး အနောက်ဘက် 48MP Main နဲ့အတူ 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံး သုံးထားမှာပါ။

X50 Youth ဟာ X50 ထက်  ဈေးချိုတဲ့အတွက်  ကင်မရာတွေကို လျှော့ချထားတာ မထူးဆန်းပါဘူး။ X50 Youth ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ 3C ရဲ့ စာရင်းအရ 5G နဲ့ 30W Fast Charging ပါမယ်လို့ သိရပါတယ်။

Ref : gsmarena