[Zawgyi]





[Unicode]

၄သိန်းအောက်ဖုန်းတွေထဲမှာ 8GB RAM နဲ့ 128GB ROM ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖုန်း Realme 2 Pro ကို ဝယ်ယူနိုင်ပြီ

အနာဂတ် မျိုးဆက်သစ်မိုဘိုင်းလူငယ်ထုအတွက်ဦးတည်ပြီး လူငယ်ဆန်တဲ့ထုတ်ကုန်များကို ဖန်တီး ပေးနေတဲ့ Realme အမှတ်တံဆိပ်မိုဘိုင်းဖုန်းများကို မြန်မာပြည်ဈေးကွက်အတွက် ဖြန့်ချိရောင်းချပေးလျက်ရှိရာ ယခုအခါမှာ ထူးခြားတဲ့ Valentine’s Day အခါသမယအကြိုအဖြစ် ၄သိန်းအောက်ဖုန်းအမျိုးအစားများထဲမှာ 8GB RAM နဲ့ 128GB ROM ပါဝင်တဲ့ မြန်မာပြည်မိုဘိုင်းဈေးကွက်ရဲ့ ပထမဆုံးဖုန်းအမျိုးအစားဖြစ်တဲ့ Realme 2 Pro ကို ပြန်လည်ရောင်းချပေးနေပြီဖြစ်ပါတယ်။ ယခုအမျိုးအစားအတွက် Black Sea (အနက်ရောင်) ကိုရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၃၉၉,၉ဝဝ ကျပ်ကျသင့်မယ်လို့ သိရပါတယ်။

အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ အလန်ဆုံးစတိုင်တို့ပေါင်းစပ်ထားတဲ့ Realme 2 Pro မှာ ဆွဲဆောင်မှုရှိတဲ့ နှင်းစက်ပုံစံမျက်နှာပြင် Dewdrop Design နဲ့အတူ FullHD+ ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားတဲ့ ၆.၃ လက်မအရွယ်အစားမျက်နှာပြင်တို့ကို အသုံးပြုပေးထားခြင်းကြောင့် ကြီးမားကျယ်ပြန်ပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးတို့ကို ထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။ နောက်ကျောဘက်ဒီဇိုင်းကိုလည်း မှန်သားကဲ့သို့ ဝင်းလက်တောက်ပြောင်စေတဲ့ အမြင်နဲ့ထိတွေ့မှုကောင်းကောင်း ရရှိစေရန်အတွက် အလွှာ၁၅လွှာပါဝင်တဲ့ မျက်နှာပြင်အချောသတ်နည်းပညာကိုပါ အသုံးပြုပေးထားတယ်လို့ သိရပါတယ်။

AIE (Artificial Intelligent Engine) ထောက်ပံ့ထားတဲ့ ဒုတိယမျိုးဆက် Snapdragon 660 CPU အမျိုးအစားကို အသုံးပြုပေးထားတာကြောင့် မြန်ဆန်သွက်လက်တဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံ သစ်များကိုပါ ရရှိစေပြီး 128GB storage ကြောင့် အချက်အလက်သိုလှောင်မှုအပိုင်းမှာပါ ပိုမိုသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံချည်းသိမ်းဆည်းပါက ပုံပေါင်း ၂၇,ဝဝဝ ကျော်၊ video ဇာတ်ကားချည်းသိမ်းဆည်းပါက ဇာတ်ကား ၂ဝဝ ကျော်၊ သီချင်းချည်းသိမ်းဆည်းပါက အပုဒ်ရေ ၂၁,ဝဝဝ ကျော်နဲ့ Application ချည်းထည့်သွင်းပါက ၂,၄ဝဝ ကျော်အထိထည့်သွင်းထားနိုင်စေမှာဖြစ်ပါတယ်။

Realme 2 Pro မှာ AI Dual Camera စနစ်ကိုတပ်ဆင်ပေးထားပြီး 16MP+2MP ကြောင့် ပေါ်လွင်ထင်ရှားတဲ့ ဓာတ်ပုံများကို စိတ်တိုင်းကျရိုက်ယူနိုင်တဲ့အပြင် Portrait အလှပုံများကိုပါ သဘာဝကျကျရယူနိုင်စေမှာ ဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက် 16MP AI Beauty Selife အမျိုးအစားကိုသုံးပေးထားတဲ့အတွက် အသားအရောင်၊ အသားအရေတို့ကို သဘာဝကျကျချိန်ညှိပေးမယ့် အပြင် မျက်နှာရဲ့ ပေါ်လွင်ထင်ရှားတဲ့ သွင်ပြင်လက္ခဏာရပ်များကိုပါ ထိန်းသိမ်းရယူကာ အလှဆုံးပုံများအဖြစ် ဖန်တီးရယူပေးမှာ ဖြစ်ပါတယ်။ 3500mAh battery အမျိုးအစားက Video ဆက်တိုက်ကြည့်မည်ဆိုပါက ၁ဝနာရီအထိ ကြာရှည်ခံစေတယ်လို့ ပြောကြားထားပါတယ်။ Trip-slot tray စနစ်ဖြစ်တဲ့အတွက် 4G ဆင်းမ်ကဒ်၂ကဒ်နဲ့အတူ 256GB ပမာဏအထိထောက်ပံ့ထားတဲ့ extra SD ကဒ်ကိုပါတစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။