Social Media Platform တစ်ခုလို့ ဆိုနိုင်တဲ့ Reddit ဟာ အခုအချိန်မှာ ခေတ်စားနေတဲ့ NFT စျေးကွက်ထဲကိုပါ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ယခင်ထဲက Reddit ဟာ Forum အနေနဲ့ User Community တစ်ခုရှိပြီးဖြစ်တာကြောင့် အခုမိတ်ဆက်မယ့် NFT Platform အသစ်ဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခုသတင်းကိုတော့ Reddit ကနေ NFT Platform အသစ်တည်ဆောက်ဖို့အတွက် Design ၊ Build နဲ့ Maintenance ပိုင်းအတွက် ဝန်ထမ်းအသစ်တွေကို ခေါ်ယူနေတာကြောင့်ဖြစ်ပါတယ်။ Greenhouse Job Posting မှာ ရေးသားထားတာကတော့ Reddit ဟာ အသုံးပြုသူတွေအတွက် NFT တွေကို Create ပြုလုပ် ၊ ဝယ်ယူ ၊ ရောင်းချနိုင်ဖို့အတွက် Senior Back End Engineer ကို ရှာဖွေနေတာဖြစ်ပါတယ်။ အဆိုပါ Position အတွက် အနည်းဆုံး ၅ နှစ်အတွေ့အကြုံရှိဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။

Reddit ဟာ ယခင်နှစ်တွေထဲက Cryto အသုံးပြုသူတွေအတွက် ကြားခံအနေနဲ့ ရပ်တည်ပေးခဲ့တာဖြစ်ပြီး Elon Musk ရဲ့ Dogecoin တွေ စျေးအဆမတန်ထိုးတက်အောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ Reddit အသုံးပြုသူတွေဟာ Digital Currency ပုံစံ Community Points Token တွေကို ဝယ်ယူ၊ ရှာဖွေနိုင်နေပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Reddit လိုမျိုး Community Based Social Media ကပါ NFT စျေးကွက်ထဲကို ဝင်ရောက်လာတာက လက်ရှိ NFT စျေးကွက်ထဲမှာ အကြီးမားဆုံးဖြစ်တဲ့ OpenSea အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ပါတယ်။

Ref – Coin Telegraph