Redmi 10 2022 ကို နိုင်ငံတကာ ဈေးကွက်အတွက် ကြေညာလိုက်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 161.95 x 75.53 x 8.92mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၁ ဂရမ် ဖြစ်ပါတယ်။ ၆.၅ လက်မ Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

Redmi 10 2022 silently launched globally with MediaTek Helio G88 - xiaomiui

အရှေ့ဘက်မှာ 8MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 8MP 120 Degree Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ Chipset က Helio G88 ဖြစ်ပြီး 4GB LPDDR4x RAM တပ်ဆင်ထားကာ 128GB eMMC Storage အထိ ရွေးချယ်နိုင်ပါတယ်။ Software အကြောင်းပြောရရင် Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပါတယ်။

Redmi 10 2022

Redmi 10 2022 မှာ 18W Fast Charging နဲ့ 9W Reverse Wired Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ဘူးထဲမှာ 22.5W Charger ထည့်သွင်းပေးထားပြီး လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။

Dual 4G VoLTE , microSD Card Slot , WiFi 802.11ac, Bluetooth 5.1 , GPS, NFC , IR Blaster , USB-C Port , Dual Speakers, 3.5mm Audio Jack စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး ကိုယ်ထည်က ရေစက်ရေပေါက်ကို ခံနိုင်ပါတယ်။ Redmi 10 2022 အတွက် Carbon Gray, Pebble White နဲ့ Sea Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina