ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက Xiaomi ကနေ Budget ဖုန်းအသစ်ဖြစ်တဲ့ Redmi 12C ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Xiaomi ဟာ နောက်ထပ် Redmi Series Budget ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်တော့မှာဖြစ်ပါတယ်။

အဆိုပါ Redmi ဖုန်းသစ်ကတော့ Redmi 12 ပဲဖြစ်ပြီး ယခင်ထွက်ရှိထားတဲ့ Redmi 12C နဲ့ Redmi Note 12 ဖုန်းတွေကြား ဝင်ရောက်လာမှာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Redmi 12 ဖုန်းကို IMEI Database အပြင် FCC မှာပါတွေ့ရှိရတဲ့အတွက် Global စျေးကွက်မှာပါ မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ ယူဆရပါတယ်။

Redmi 12 ဖုန်းဟာ 4G Version အနေနဲ့ပဲ ထွက်ရှိလာမှာဖြစ်ပြီး လက်ရှိသိရတဲ့သတင်းတွေအရ 33W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Battery Capacity ကလည်း အနည်းဆုံး 5000mAh Battery ပါဝင်လာနိုင်ပါတယ်။

ကျန်တဲ့ Redmi 12 နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အတိအကျမသိရှိရသေးပေမယ့် Redmi 12C ဖုန်းဟာ 6.71″ HD+ LCD Display ၊ MediaTek Helio G85 Chipset ၊ RAM 3GB+64GB သို့မဟုတ် RAM 6GB + 128GB ပါဝင်ပြီး 50MP Main Camera ၊ 5MP Selfie Camera နဲ့ 5000mAh Battery တွေပါဝင်တာကြောင့် အဆိုပါ Redmi 12C ဖုန်းထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena