Xiaomi ရဲ့ Redmi ဟာ K60 စီးရီး စမတ်ဖုန်းတွေ၊ Note 12 Pro Speed Edition နဲ့ ဆက်စပ်ပစ္စည်း အများအပြားကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ဖော်ပြသခဲ့ပါတယ်။ အခုတော့ Redmi ဟာ Redmi 12C လို့ နာမည်ပေးထားတဲ့ Entry-level စမတ်ဖုန်းကို ထပ်ပြီး မိတ်ဆက်လိုက်ပြန်ပါတယ်။

Redmi 12C ဟာ 5MP selfie ကို Notch နဲ့တွဲဖက်ထားပြီး 6.71-inch HD+ screen နဲ့ ဖြစ်ပါတယ်။ သူ့ရဲ့ အနောက်ဖက် ဘောင်မှာ Non-slip texture နဲ့ ထောင့်ဖြတ်အစင်းကြောင်းတွေ ထည့်သွင်းပေးထားပါတယ်။ လက်ဗွေဖတ် ဆင်ဆာကို ကင်မရာတွေနဲ့အတူတူ တွဲထားတာကတော့ အနည်းငယ် ထူးထူးဆန်းဆန်း ပုံစံဖြစ်ပါလိမ့်မယ်။

ကြော်ငြာမှတော့ 50MP ultra clear dual camera အဖြစ် ဖော်ပြထားပေမဲ့ 50MP ဟာ အဓိကကင်မရာကို ရည်ညွှန်းတာလို့ နားလည်ရပါတယ်။ ဒုတိယကင်မရာအကြောင်းတော့ ပြောမထားပါဘူး။ ဒုတိယကင်မရာဟာ Depth sensor ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

Redmi 12C မှာ Helio G85 SoC အသုံးပြုထားပြီး 6GB LPDDR4X RAM နဲ့ 128GB storage ကို ထောက်ပံ့ပေးထားပါတယ်။ MicroSD နဲ့လည်း 512GB အထိ ထပ်ပြီး တိုးချဲ့နိုင်ပါသေးတယ်။ စမတ်ဖုန်းဟာ MIUI 13 (Android 12 အခြေခံ) နဲ့ ထွက်လာပေမဲ့ MIUI 12 ရဲ့ “Exclusive optimized version” ကို အသုံးပြုထားတဲ့အတွက် MIUI 13 ရဲ့ Feature တွေအားလုံးကို ရရှိမှာ မဟုတ်ပါဘူး။

ကျန်တဲ့အချက်အလက်တွေကတော့ 5,000mAh ဘက်ထရီ MicroUSB ပေါက်နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ 4G ကွန်ရက်ထိပဲ ထောက်ပံ့ပေးပြီး အရောင်လေးမျိုး ထုတ်လုပ်ထားပါတယ်။ Memory ကတော့ 4GB/64GB, 4GB/128GB, နဲ့ 6GB/128GB ဆိုပြီး ရွေးချယ်စရာ သုံးမျိုး ရှိပါတယ်။ ဈေးနှုန်းကတော့ CNY699 ($100), CNY799 ($115), and CNY899 ($130) အသီးသီး ရှိကြပါတယ်။

Ref: GSM Arena