Xiaomi က ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေအတွက် MIUI Version အသစ်တွေကို အချိန်နဲ့တစ်ပြေးညီ ထည့်သွင်းပေးနေတာ နှစ်များစွာကြာနေပါပြီ။ ဒါပေမယ့် စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် ဖုန်းတွေအတွက်တော့ Android OS Update တွေကို သိပ်မထည့်သွင်းပေးပါဘူး။ ဖုန်း အဟောင်းတွေမှာ MIUI အသစ်တွေ ရကြပေမယ့် Android OS အဟောင်းတွေပဲ သုံးနေရပါတယ်။

အခုတော့ Xiaomi က Redmi 7A အတွက် Android 10 Update ကို တရုတ်မှာ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး အဲဒီ တန်ဖိုးနည်း စမတ်ဖုန်းကို အရင်နှစ် ဇူလိုင်လက ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Redmi 7A မှာ MIUI 11 ရထားပြီးပြီ ဖြစ်ပြီး MIUI 12 ကိုတော့ စမတ်ဖုန်း အနည်းငယ်မှာပဲ ရထားကြပါသေးတယ်။

Redmi 7A အတွက် Update ကို လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးထားတာ ဖြစ်ပြီး Android Version 9 ကနေ 10 ဖြစ်သွားပါတယ်။ MIUI 11 ပဲရှိသေးပေမယ့် Software Version အသစ်မှာ ၂၀၂၀ ခုနှစ် မေလအတွက် Security Patch Level အသစ် ထည့်သွင်းထားပါတယ်။ ဇွန်လအတွက် Security Patch မရသေးပေမယ့် စွမ်းရည်နိမ့် ဖုန်းအတွက်တော့ ဒါဟာ မဆိုးပါဘူး။

Update ရဲ့ အရွယ်အစားဟာ 1.7GB ရှိပြီး Version နံပါတ်ဟာ MIUI 11.0.1.0 QCMCNXM ဖြစ်ပါတယ်။ နိုင်ငံတကာက Redmi 7A မော်ဒယ်တွေအတွက် မကြာခင် ရတော့မယ်လို့ထင်ပါတယ်။

Ref : gsmarena