[Zawgyi]

Redmi Note 8 နဲ႔ Redmi Note 8 Pro တို႔ကို ေၾကညာၿပီးေနာက္မွာ Redmi 7 နဲ႔ Redmi 7A တို႔ရဲ႕ မ်ိဳးဆက္သစ္ေတြကို ျမင္ရေတာ့မယ္ ထင္ပါတယ္။ Redmi 8 နဲ႔ Redmi 8A တို႔ကို ထုိင္းမွ NBTC မွာ မွတ္ပံုတင္လိုက္တဲ့အတြက္ မၾကာခင္မွာ ေၾကညာႏုိင္ပါတယ္။ Redmi 8 ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ M1908C31G နဲ႔ Redmi 8A ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ M1908C3KG ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Note Series ေတြကို မေၾကညာခင္က Redmi 8A လို႔ ထင္ရတဲ့ ဓါတ္ပံုေတြ အြန္လိုင္းမွာ ထြက္ေပၚခဲ့ဖူးၿပီး ဒီဇိုင္းနဲ႔ Specs အနည္းငယ္ကို သိခဲ့ရပါတယ္။ ဒါေပမယ့္ အဲဒီ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္က M1908C3IH ျဖစ္ပါတယ္။ ၾသဂုတ္လမွာ TENAA မွာ အလားတူ ေမာ္ဒယ္နံပါတ္ M1908C3IC ကို မွတ္ပံုတင္ခဲ့ပါတယ္။

TENAA မွာ ေဖာ္ျပထားခ်က္အရ Redmi  8A မွာ ၆.၂ လက္မ Display နဲ႔ Waterdrop Notch ပါလာမွာပါ။ 2.0GHz Octa-core Processor , 4GB RAM နဲ႔ 64GB Storage ေတြ ထည့္ထားမွာပါ။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးပါလာမွာ ျဖစ္ၿပီး ပင္မ ကင္မရာက 12MP ျဖစ္ပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကိုလည္း အေနာက္ဘက္မွာ တပ္ထားမွာပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။

Redmi 8A မွာ 5,000mAh Battery ထည့္သြင္းထားမွာ ျဖစ္ၿပီး Redmi 7A ရဲ႕ 4,000mAh Battery ထက္ ပိုေကာင္းလာပါတယ္။ Android 9 ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး အနက္၊ အနီ၊ အျပာ၊ အျဖဴနဲ႔ ပန္းေရာင္ေတြ ထုတ္လုပ္ထားႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

Redmi 8 နဲ့ Redmi 8A ကို ထိုင်းမှာ မှတ်ပုံတင်ထားပြီ

Redmi Note 8 နဲ့ Redmi Note 8 Pro တို့ကို ကြေညာပြီးနောက်မှာ Redmi 7 နဲ့ Redmi 7A တို့ရဲ့ မျိုးဆက်သစ်တွေကို မြင်ရတော့မယ် ထင်ပါတယ်။ Redmi 8 နဲ့ Redmi 8A တို့ကို ထိုင်းမှ NBTC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။ Redmi 8 ရဲ့ မော်ဒယ်နံပါတ်ဟာ M1908C31G နဲ့ Redmi 8A ရဲ့ မော်ဒယ်နံပါတ်ဟာ M1908C3KG ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Note Series တွေကို မကြေညာခင်က Redmi 8A လို့ ထင်ရတဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ထွက်ပေါ်ခဲ့ဖူးပြီး ဒီဇိုင်းနဲ့ Specs အနည်းငယ်ကို သိခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်က M1908C3IH ဖြစ်ပါတယ်။ သြဂုတ်လမှာ TENAA မှာ အလားတူ မော်ဒယ်နံပါတ် M1908C3IC ကို မှတ်ပုံတင်ခဲ့ပါတယ်။

TENAA မှာ ဖော်ပြထားချက်အရ Redmi 8A မှာ ၆.၂ လက်မ Display နဲ့ Waterdrop Notch ပါလာမှာပါ။ 2.0GHz Octa-core Processor , 4GB RAM နဲ့ 64GB Storage တွေ ထည့်ထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာက 12MP ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Redmi 8A မှာ 5,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး Redmi 7A ရဲ့ 4,000mAh Battery ထက် ပိုကောင်းလာပါတယ်။ Android 9 မောင်းနှင်ထားမှာ ဖြစ်ပြီး အနက်၊ အနီ၊ အပြာ၊ အဖြူနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizmochina